လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းထွဋ်ဦးနှင့် မကွေးတိုင်းဒေသကြီး ဦးစီးမှူး ဦးမြင့်စိုးတို့မှ ဧရာဝတီမြစ်ရေကြီးမှုကြောင့် ရေဘေးဒုက္ခခံစားကြရသော ဘေးသင့်ပြည်သူများ အတွက် (၂၃-၈-၂၀၁၇) ရက်နေ့တွင် ရေစကြိုမြို့နယ်၊ မြို့ပေါ်ရပ်ကွက်ရေဘေးခိုလှုံရေး စခန်း(၅)ခု ရှိ ရေဘေးသင့်ပြည်သူ (၂၁၇၇)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ(၄,၅၇၁,၇၀၀ိ/-)ကိုရေဘေး သင့်ပြည်သူများကိုယ်စား သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးသို့ လွှဲပြောင်းထောက်ပံ့ပေးခဲ့ပါသည်။
အလားတူ ပခုက္ကူမြို့နယ်၊ ဥယျာဉ်ကျေးရွာရေဘေး ခိုလှုံရေးစခန်းရှိ ရှားပင်ကျေးရွာ၊ နုံးပိုကျေးရွာနှင့် သဖန်းပင်ကျေးရွာတို့မှ ရေဘေးသင့်ပြည်သူ (၁၀၄၁)ဦး အတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ(၂,၁၈၆,၁၀၀ိ/-)ကို ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းထွဋ်ဦး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်နီနီဝင်း၊ မကွေးတိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိုးနှင့် သက်ဆိုင်ရာမြို့ နယ်အုပ်ချုပ်ရေးမှူးတို့မှ ပြည်သူများသို့ ထောက်ပံ့ပေးခဲ့ ကြောင်းသတင်းရရှိပါသည်။