သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းအမှတ်စဉ် (၇/၂၀၁၇) ဖွင့်လှစ်မှုသတင်း

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၈-၂၀၁၇) ရက်နေ့တွင် ကျောက်တန်းမြို့ ၊သာသနာ့ဗိမာန်တွင် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် ဆင့်ပွားသင်တန်းအမှတ်စဉ်(၇/၂၀၁၇) အား ကျောက်တန်းမြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းလူငယ်များ ၊ ကျေးရွာ/ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုစုပေါင်းသင်တန်းသား/သူ (၃၀) ဦးဖြင့်ဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြား ရေးမှူး ဦးဝင်းရွှေနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ပါကြောင်းနှင့် သင်တန်းကာလမှာ (၂၄-၈-၂၀၁၇) ရက်နေ့အထိ (၃) ရက်ကြာဖွင့်လှစ်သွားမည်ဖြစ်ပါ ကြောင်း သတင်းရရှိပါသည်။

Source:          ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

 

Sign Up

Upcoming Events