မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှတာဝန်ရှိသူ များသည် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ ဦးဆောင်ကြီးကြပ်မှုဖြင့်လိုက်ပါလျှက် (၁၉.၈.၂၀၁၇) ရက်နေ့မှစတင်၍ ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရေဘေးရှောင်စခန်းများတွင် ယာယီခိုလှုံလျှက်ရှိသော စဉ့်ကူးမြိုနယ်၊ သပိတ်ကျင်း မြို့နယ် များသို့ (၂၃.၈.၂၀၁၇) နေ့တွင် ကွင်းဆင်းလျှက် လိုအပ်သည့် ထောက်ပံ့ဖြည့် ဆည်းပေးမှုများ ဆောင်ရွက်ခဲ့ကြပါသည်။ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဦးစီးဌာန အနေဖြင့် စဉ့်ကူးမြို့ နယ်တွင်ရေဘေးကြောင့် ရွေ့ပြောင်းသူ (၂၅၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၇)ရက်စာ (၅၃၅၅၀၀/) ကျပ်၊ သပိတ်ကျင်းမြို့ရေဘေးကြောင့်ရွေ့ပြောင်းသူ (၁၇၀၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၃၅၈၄၇၀၀/)ကျပ် စုစုပေါင်း (၄၁၂၀၂၀၀) ကျပ်အား ထောက်ပံ့ခြင်း၊ ရေသန့်ဆေးနှင့် ရေသန့်ဘူးများ ထောက်ပံ့ခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ မှလည်း ရိက္ခာများထောက်ပံ့ပေးခဲ့ပါသည်။ တံတားဦးနှင့် စဉ့်ကိုင်မြို့များရှိ ရေဘေးကြောင့်ရွေ့ပြောင်းရသူများ ကိုလည်း ဆက်လက်ထောက်ပံ့သွားမည်ဖြစ် ကြောင်းသတင်း ရရှိပါ သည်။Sourceး မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)