ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတ ခရိုင်အတွင်း အင်္ဂပူမြို့နယ်၊ စစ်ကုန်းအုပ်စု၊ ခွေတောက်ချောင်းအုပ်စုတို့မှ သဒ္ဓမ္မကျွန်းရွာ၊ ရွှေပြည်သာရွာနှင့် နံကပ် ကျေးရွာတို့တွင် ဖြစ်ပွားသော ကမ်းပြိုဘေးအတွက် ဘေးသင့်အိမ်ထောင်စု (၁၄) စု၊ လူဦးရေ (၅၃) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ ဆန်ရက္ခာဖိုးငွေ (၁၁၁,၃၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၄၀၀,၀၀၀) ကျပ်၊ တို့အား  (၂၂-၈-၂၀၁၇) ရက်နေ့တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။

Source:        ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ကဆရ)

 

Sign Up

Upcoming Events