(၂၃-၈-၂၀၁၇) ရက်နေ့တွင် ပုသိမ်မြို့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနတွင် ဖွင့်လှစ်သည့် ရပ်ရွာလူထုအခြေပြု ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံး နိုင်ခြေစီမံခန့်ခွဲမှု ဆင့်ပွားသင်တန်းသို့ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်၊ ကြက်ခြေနီ စေတနာ့လုပ်အားရှင်များပါဝင်သော သင်တန်းသား (၃၅) ဦးတက်ရောက်ခဲ့ပြီး အဆိုပါ သင်တန်းသို့ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး တာဝန်ရှိသူ တစ်ဦးမှ ပူးပေါင်းပါဝင်ဆွေးနွေးပို့ချခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)