Category Archives: News
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၈-၂၀၁၇) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (နယ်မယ်ခုံ) ၌ ကျောင်းသား/ကျောင်းသူ (၂၆၁) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
မြောင်မြို့နယ် ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်မြို့နယ်တွင် (၂၂-၈-၂၀၁၇) ရက်နေ့၌ ဖြစ်ပွားသော ရေဘေးသင့် အိမ်ထောင်စု (၁၄၇) စုမှ လူဦးရေ (၆၃၂) ဦးအတွက် ကယ်ဆယ်ရေး ပစ္စည်း (၅) မျိုး (၉) အိမ်ထောင်စာ၊ ဆန်ရိက္ခာဖိုးငွေ (၁၃၂၇၂၀၀/-) ကျပ်နှင့် အိမ်ဆောက် ပစ္စည်းဖိုးငွေ ( ၉၀၀၀၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂၂၂၇၂၀၀/-) ကျပ်တို့အား (၂၄-၈-၂၀၁၇) ရက်နေ့၌ မြောင်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ … Read more
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် ဆင့်ပွားသင်တန်းဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးတုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ မန္တလေးနှင့် ဝမ်းတွင်းမြို့ ပရဟိတကွန်ယက်အသင်းတို့နှင့် ပူးပေါင်း၍ (၂၄-၈-၂၀၁၇) ရက်နေ့တွင် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် ဆင့်ပွားသင်တန်းအား သင်တန်းသား (၃၀) ဦးဖြင့် ဝမ်းတွင်းမြို့တော်ခန်းမ၌ ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလမှာ (၂၄-၈-၂၀၁၇) ရက်နေ့မှ (၂၆-၈-၂၀၁၇) ရက်နေ့အထိ (၃) ရက်ကြာဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
ကလေးခရိုင်သိုလှောင်ရုံလုပ်ငန်းပြီးစီးမှုအားကြည့်ရှု့စစ်ဆေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ အမျိုးသားသဘာဝဘေး ရန်ပုံငွေဖြင့် (Holy Land Company) မှတာဝန် ဆောက်လုပ်နေသော ကလေးခရိုင်သိုလှောင်ရုံ(၁၂၀×၄၀×၂၄) တည်ဆောက်နေမှုအားစစ်ကိုင်းတိုင်း ဒေသကြီးဦးစီးမှူးသည် (၂၄-၈-၂၀၁၇)နေ့တွင် လုပ်ငန်းပြီးစီးမှု အခြေအနေ အားကြည့်ရှု့စစ်ဆေး ကာလိုအပ်သည်များအား မှာကြားခဲ့ပြီး လက်ရှိ တည်ဆောက်ပြီးစီးမှုမှာ (၇၆) ရာခိုင်နှုန်းဖြစ် ခဲ့ကြောင်းသတင်းရရှိပါ သည်။Source:ကလေးခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၃-၈-၂၀၁၇) နေ့တွင် သရက်မြို့နယ်၊ ပိတောက်ပင်ကျေးရွာတွင် ကျေးရွာပြည်လူဦးရေ (၂၀၀)ဦးနှင့်(၂၄-၈-၂၀၁၇) နေ့တွင် သရက်မြို့နယ်၊ဘန်းကုန်းတွင်ကျေးရွာတွင် ကျေးရွာပြည်လူဦးရေ (၁၃၀)ဦးတို့အား သဘာဝဘေးလျော့ပါးရေအသိပညာပေးဟော ဆွေးနွေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ မိုးကြိုးဘေးဗီနိုင်းပိုစတာများကို ဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါ သည်။Source: သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် စဉ့်ကိုင်မြို့နယ်၊ တံတားဦးမြို့နယ်တွင်း ရေဘေးသင့်ပြည်သူများ အားထောက်ပံ့မှုသတင်း
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ (၁၈.၈.၂၀၁၇) မှ (၂၁-၈-၂၀၁၇) ရက်နေ့ စဉ့်ကိုင်မြိုနယ်၊ တံတား ဦးမြို့နယ်တွင်း ဧရာဝတီမြစ်ရေဝင်ရောက်သော ရေဘေးသင့်ပြည်သူများကို မန္တလေးတိုင်းဒေသကြီး သယံဇာတနှင့်သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးဝန်ကြီး၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးးချုုပ် နှင့် တိုင်ဦးစီးမှူးရုံးအဖွဲ့၊ ပရဟိတအသင်းတို့ပူးပေါင်း၍ စဉ့်ကျိင္မြို့နယ်တွက် လူဦးရေ စုစုပေါင်း (၂၇၁)၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၂၈၆၉၀၀) ကျပ်နှင့် ရေသန့်ဆေးဗူး (၈)ဗူး၊ တံတား ဦးမြို့နယ်အတွက် လူဦးရေစုစုပေါင်း (၇၄၀၆)ဦးအတွက် ဆန်ရိက္ခာ ဖိုးထောက်ပံ့ငွေ (၁၅၅၅၂၆၀၀) ကျပ် နှင့်ရေသန့်ဆေးဗူး( ၅၀)ဗူးတို့အား (၂၄.၈.၂၀၁၇)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ပြီး ကယ်ဆယ်ရေးဦးစီးဌာနမှတိုင်းဦးစီးမှူးမှ … Read more
-
ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးရှောင် အိမ်ထောင်စုများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာနမှ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၈-၂၀၁၇) မှ(၂၃-၈-၂၀၁၇) ထိချင်းတွင်းမြစ်ရေမြှင့်တက်မှုကြောင့် ယူးဝအုပ်စု ၊ဝါးရုံသာ၊ပန်းသာ ၊တပ်ကုန်းအုပ်စု ဖျက်သိမ်း အိမ်ထောင်စု (၁၀)စုတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး ၊အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀၀)ကျပ် ပြောင်းရွှေ့အိမ်ထောင်စု (၂၁)စု နှင့်လူဦးရေစုစုပေါင်း(၁၆၉)ဦး တွက်ဆန်ရိက္ခာဖိုး ငွေ(၃၅၄၉၀၀)ကျပ် ခေါက်ဆွဲခြောက် (၁၆၉)ထုပ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ကျေးရွာ များသို့သွားရောက်ထောက်ပံ့ခကြောင်းသတင်းရရှိပါသည်။Sourceးမော်လိုက်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
လူငယ်ရေးရာမူဝါဒ၏ မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များ ရေးဆွဲနိုင်ရေး ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်မည့်သတင်း
(၂၄-၈-၂၀၁၇)၊ နေပြည်တော် မြန်မာနိုင်ငံ လူငယ်ရေးရာ မူဝါဒ ရေးဆွဲရေးဆိုင်ရာ ကော်မတီ (၃)ရပ်ဖြစ်သည့် ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနှင့် မူကြမ်းရေးဆွဲရေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက နေပြည်တော် Hotel Max ၌ ကျင်းပပြုလုပ်ရာ ဗဟိုကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ဒုတိယဥက္ကဌများဖြစ်သည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာမြင့်ထွေး၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးနှင့် ကော်မတီ (၃)ရပ်မှ အဖွဲ့ဝင်များ၊ လူငယ်ကိုယ်စားလှယ်များ၊ နည်းပညာအကြံပေးအဖွဲ့နှင့် … Read more









