ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးတုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ မန္တလေးနှင့် ဝမ်းတွင်းမြို့ ပရဟိတကွန်ယက်အသင်းတို့နှင့် ပူးပေါင်း၍ (၂၄-၈-၂၀၁၇) ရက်နေ့တွင် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် ဆင့်ပွားသင်တန်းအား သင်တန်းသား (၃၀) ဦးဖြင့် ဝမ်းတွင်းမြို့တော်ခန်းမ၌ ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလမှာ (၂၄-၈-၂၀၁၇) ရက်နေ့မှ (၂၆-၈-၂၀၁၇) ရက်နေ့အထိ (၃) ရက်ကြာဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)