မြောင်မြို့နယ် ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဦးစီးဌာန၊  စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်မြို့နယ်တွင် (၂၂-၈-၂၀၁၇) ရက်နေ့၌ ဖြစ်ပွားသော ရေဘေးသင့် အိမ်ထောင်စု (၁၄၇) စုမှ လူဦးရေ (၆၃၂) ဦးအတွက် ကယ်ဆယ်ရေး ပစ္စည်း (၅) မျိုး (၉) အိမ်ထောင်စာ၊ ဆန်ရိက္ခာဖိုးငွေ (၁၃၂၇၂၀၀/-) ကျပ်နှင့် အိမ်ဆောက် ပစ္စည်းဖိုးငွေ ( ၉၀၀၀၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂၂၂၇၂၀၀/-) ကျပ်တို့အား (၂၄-၈-၂၀၁၇) ရက်နေ့၌ မြောင်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တဆင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events