ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် စဉ့်ကိုင်မြို့နယ်၊ တံတားဦးမြို့နယ်တွင်း ရေဘေးသင့်ပြည်သူများ အားထောက်ပံ့မှုသတင်း

24Pic-04မန္တလေးတိုင်းဒေသကြီးအတွင်းရှိ (၁၈.၈.၂၀၁၇) မှ (၂၁-၈-၂၀၁၇) ရက်နေ့ စဉ့်ကိုင်မြိုနယ်၊ တံတား ဦးမြို့နယ်တွင်း ဧရာဝတီမြစ်ရေဝင်ရောက်သော ရေဘေးသင့်ပြည်သူများကို မန္တလေးတိုင်းဒေသကြီး သယံဇာတနှင့်သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးဝန်ကြီး၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးးချုုပ် နှင့် တိုင်ဦးစီးမှူးရုံးအဖွဲ့၊ ပရဟိတအသင်းတို့ပူးပေါင်း၍ စဉ့်ကျိင္မြို့နယ်တွက် လူဦးရေ စုစုပေါင်း (၂၇၁)၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၂၈၆၉၀၀) ကျပ်နှင့် ရေသန့်ဆေးဗူး (၈)ဗူး၊ တံတား ဦးမြို့နယ်အတွက် လူဦးရေစုစုပေါင်း (၇၄၀၆)ဦးအတွက် ဆန်ရိက္ခာ ဖိုးထောက်ပံ့ငွေ (၁၅၅၅၂၆၀၀) ကျပ် နှင့်ရေသန့်ဆေးဗူး( ၅၀)ဗူးတို့အား (၂၄.၈.၂၀၁၇)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ပြီး ကယ်ဆယ်ရေးဦးစီးဌာနမှတိုင်းဦးစီးမှူးမှ အားပေးစကားပြောကြားပြီးရေသန့်ဆေးများကိုစနစ်တကျသုံးစွဲနိူင်ရန် ရှင်းပြဆွေးနွေးထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါ သည်။Sourceး မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events