ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးရှောင် အိမ်ထောင်စုများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာနမှ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၈-၂၀၁၇) မှ(၂၃-၈-၂၀၁၇) ထိချင်းတွင်းမြစ်ရေမြှင့်တက်မှုကြောင့် ယူးဝအုပ်စု ၊ဝါးရုံသာ၊ပန်းသာ ၊တပ်ကုန်းအုပ်စု ဖျက်သိမ်း အိမ်ထောင်စု (၁၀)စုတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး ၊အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀၀)ကျပ် ပြောင်းရွှေ့အိမ်ထောင်စု (၂၁)စု နှင့်လူဦးရေစုစုပေါင်း(၁၆၉)ဦး တွက်ဆန်ရိက္ခာဖိုး ငွေ(၃၅၄၉၀၀)ကျပ် ခေါက်ဆွဲခြောက် (၁၆၉)ထုပ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ကျေးရွာ များသို့သွားရောက်ထောက်ပံ့ခကြောင်းသတင်းရရှိပါသည်။Sourceးမော်လိုက်ခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events