Category Archives: News
-
ထောက်ပံ့လှူဒါန်းသော အလှူငွေကို ထိရောက်အကျိုးရှိစွာ အသုံးပြုသွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးပြောကြား
၄-၉-၂၀၁၇ ၊ နေပြည်တော် ရခိုင်ပြည်နယ်အတွင်းဒေသခံတိုင်းရင်းသားများ၏ အရေးပေါ်လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်နိုင်ရန် မြတ်စေတနာဖောင်ဒေးရှင်း မိသားစုကငွေကျပ် (၄၅) သိန်းတိတိကို (၄-၉-၂၀၁၇) ရက်နေ့ မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့အဆိုပါ ဖောင်ဒေးရှင်း နာကယကဖြစ်သူ ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်က လာရောက်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် စေတနာရှင်ပြည်သူ များမှလှူဒါန်းသော လှူဒါန်းပစ္စည်းနှင့် လှူဒါန်းငွေများကို ရခိုင်ပြည်နယ်ရှိ ဒေသခံတိုင်းရင်းသားများအတွက် လိုအပ်သောအကူအညီထောက်ပံ့မှုများတွင် ထိရောက်အကျိုးရှိစွာအသုံးပြုသွားမည်ဖြစ်ပါကြောင်း သတင်း ရရှိပါသည်။
-
လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျွန်းခယ်မကျေးရွာအုပ်စု၊ ကျွန်းခယ်မကျေးရွာ၌ (၁-၉-၂၀၁၇)ရက်နေ့တွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် ဘေးသင့်နေအိမ်(၃)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ အိမ်ဆောက်ပစ္စည်းဘိုး(၃၀၀,၀၀၀)၊ ဆန်ရိက္ခာဘိုး(၂၅,၂၀၀)၊ စုစုပေါင်း(၃၂၅,၂၀၀)တို့အား(၄-၉-၂၀၁၇)ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂-၉-၂၀၁၇) ရက်နေ့ (၁၃၀၀)အချိန်ခန့်၌ တောက်ကြီးမြို့၊ ကန်အောက်ရပ်ကွက်၊ နှင်းဆီလမ်း၊ အိမ်အမှတ် (၁၂၈)တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ဘေးသင့်အိမ်ထောင်စု (၃)စုအတွက် အိမ်ဆောက်ပစ္စည်းဘိုးထောက်ပံ့ငွေကျပ်(၂)သိန်းကျပ်၊ ဒဏ်ရာရသူ (၂) ဦးအတွက် ထောက်ပံ့ငွေကျပ် (၅၀,၀၀၀) နှုန်းဖြင့် (၁၀၀,၀၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုး အိမ်ထောင်စု (၃) စုစာအား (၄-၉-၂၀၁၇) ရက်နေ့ နံနက်ပိုင်းတွင်သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
မကွေးတိုင်းဒေသကြီး ကမ်းဆင့်လက်များပရဟိတလှုပ်ရှားမှု လုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး အလှူငွေများပေးအပ်မှုသတင်း
၂-၉-၂၀၁၇ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် တာဝန်ရှိသူများလိုက်ပါလျက် (၂၀၁၇) ခုနှစ်၊ စက်တင်ဘာလ (၂) ရက်နေ့ ညနေပိုင်းတွင် မကွေးဆေးတက္ကသိုလ် အစည်းအဝေးခန်းမဆောင်၌ ကျင်းပသည့် မကွေးဆေးတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများပါဝင်သော ကမ်းဆင့်လက်များ ပရဟိတအဖွဲ့၏ ကျေးလက်ကျန်းမာရေးအသိပညာပေးနှင့် ပရဟိတလှုပ်ရှားမှုလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ယနေ့လူငယ်များကို အနာဂါတ်နိုင်ငံအတွက် လက်ဆင့်ကမ်း အမွေပေးရန်ဖြစ်သဖြင့် ယခုအချိန်ကတည်းက ပြည်သူများ၏လိုအပ်ချက်နှင့် အခက်အခဲများကို သိရှိရန်လိုအပ်ပါကြောင်း၊ မကြာမီ နိုင်ငံ့ဝန်ထမ်းအဖြစ်လည်းတာဝန်ယူ ကြရမည်ဖြစ်သဖြင့် မိမိတို့အနေဖြင့် အရည်အချင်းပြည့်ဝအောင်၊ … Read more
-
မောင်တောခရိုင်အတွင်း အကြမ်းဖက်မှုကြောင့် နေရပ်စွန့်ခွာပြီး ကျော်တော်မြို့နယ်အတွင်း လာရောက်ခိုလှုံနေသော ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
မောင်တောခရိုင်အတွင်း အကြမ်းဖက်မှုကြောင့် နေရပ်စွန့်ခွာကာ ကျောက်တော်မြို့နယ် ခိုလှုံရာနေရာ(၇)ခု၌ လာရောက်ခိုလှုံနေသော အိမ်ထောင်စု (၁၀၉) စု၊ လူဦးရေ စုစုပေါင်း (၄၂၈) ဦးအတွက် ဆန်ရိက္ခာ(၃၁)အိတ် (၅)ပြည်၊ ဆီ(၅၄.၅)ပိဿာ၊ ဆား(၂၇.၂၅)ပိဿာ၊ ပဲ(၅၄.၅)ပိဿာနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး အိမ်ထောင်စု (၃၁) စုစာအား ကျောက်တော်မြို့ရှိ သာသနာ့ဗိမ္မာန် ကာဒီကျေးရွာဘုန်းတော်ကြီးကျောင်းနှင့် ကျောက်တော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် သွားရောက်လွှဲပြောင်းထောက်ပ့ံပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
Monitoring and Evaluation Team ကွင်းဆင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ Monitoring and Evaluation Team အဖွဲ့သည် လူသားတိုင်းအခြေခံအခွင့်အရေးများကို ဒီမိုကရေစီစံနှုန်းများနှင့်အညီရရှိပြီး လူ့ဂုဏ်သိက္ခာပြည့်ဝစွာ ရပ်တည်နိုင်ရေးအတွက် လူမှုကာကွယ်စောင့်ရှောက်ရေးစနစ်များဖြင့် ဆောင်ရွက်ခြင်းနှင့် ထိရောက်သော စီမံခန့်ခွဲမှုစနစ်များဖြင့် သဘာဝဘေးဒဏ်များကို ရင်ဆိုင်တုံ့ပြန်ကြံ့ကြံ့ခံနိုင်သော လူအဖွဲ့အစည်းဖြစ်ပေါ်လာစေရေး မူဝါဒများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပြည်သူများ ပွင့်လင်းမြင်သာသော ပူးပေါင်းဆောင်ရွက်မှုဖြစ်စေရေးအတွက် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် Diakonia၊ DCA၊ IOM၊ ADRA၊ Trocaireနှင့် CVT အဖွဲ့များ၏ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသည့် ရပ်ရွာလူထုအဖွဲ့အစည်းများအား ဖွံ့ဖြိုးမှုအကူအညီပေးခြင်း၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်း … Read more
-
အကြမ်းဖက်ဖြစ်စဉ်ကြောင့် နေရပ်စွန့်ခွာလာသော ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
အကြမ်းဖက်ဖြစ်စဉ်ကြောင့် စစ်တွေမြို့ပေါ်ရှိ မဏိရတနာကျောင်းတိုက်၊ သိဒ္ဓိကာရုံကျောင်းတိုက်၊ လမ်းမတော်မြောက်ကျောင်းတိုက်၊ သရက်တောကျောင်းတိုက်နှင့် ဆုတောင်းပြည့်ကျောင်းတိုက်များသို့ နေရပ်စွန့်ခွာပြီး ယာယီလာရောက်ခိုလှုံကြသော အိမ်ထောင်စု (၁၆၆) စု၊ လူဦးရေ (၆၂၂) ဦးတို့အတွက် စားနပ်ရိက္ခာ (၇)ရက်စာ ဆန်(၄၅.၅)အိတ်၊ ဆီ(၁လီတာ) (၁၆၈)ဗူး၊ ဆား(၄၀)ပိဿာ၊ ပဲ(၉၀)ပိဿာနှင့် တာပေါ်လင်(၆×၃၀၀ကိုက်) (၇)လိပ်တို့အား (၂-၉-၂၀၁၇) ရက်နေ့တွင် ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)









