မောင်တောခရိုင်အတွင်း အကြမ်းဖက်မှုကြောင့် နေရပ်စွန့်ခွာကာ ကျောက်တော်မြို့နယ် ခိုလှုံရာနေရာ(၇)ခု၌ လာရောက်ခိုလှုံနေသော အိမ်ထောင်စု (၁၀၉) စု၊ လူဦးရေ စုစုပေါင်း (၄၂၈) ဦးအတွက် ဆန်ရိက္ခာ(၃၁)အိတ် (၅)ပြည်၊ ဆီ(၅၄.၅)ပိဿာ၊ ဆား(၂၇.၂၅)ပိဿာ၊ ပဲ(၅၄.၅)ပိဿာနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး အိမ်ထောင်စု (၃၁) စုစာအား ကျောက်တော်မြို့ရှိ သာသနာ့ဗိမ္မာန် ကာဒီကျေးရွာဘုန်းတော်ကြီးကျောင်းနှင့် ကျောက်တော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် သွားရောက်လွှဲပြောင်းထောက်ပ့ံပေးခဲ့ကြောင်း သိရှိရပါသည်။
Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)