ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂-၉-၂၀၁၇) ရက်နေ့ (၁၃၀၀)အချိန်ခန့်၌ တောက်ကြီးမြို့၊ ကန်အောက်ရပ်ကွက်၊ နှင်းဆီလမ်း၊ အိမ်အမှတ် (၁၂၈)တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ဘေးသင့်အိမ်ထောင်စု (၃)စုအတွက် အိမ်ဆောက်ပစ္စည်းဘိုးထောက်ပံ့ငွေကျပ်(၂)သိန်းကျပ်၊ ဒဏ်ရာရသူ (၂) ဦးအတွက် ထောက်ပံ့ငွေကျပ် (၅၀,၀၀၀) နှုန်းဖြင့် (၁၀၀,၀၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုး အိမ်ထောင်စု (၃) စုစာအား (၄-၉-၂၀၁၇) ရက်နေ့ နံနက်ပိုင်းတွင်သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events