၄-၉-၂၀၁၇ ၊ နေပြည်တော်
ရခိုင်ပြည်နယ်အတွင်းဒေသခံတိုင်းရင်းသားများ၏ အရေးပေါ်လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်နိုင်ရန် မြတ်စေတနာဖောင်ဒေးရှင်း မိသားစုကငွေကျပ် (၄၅) သိန်းတိတိကို (၄-၉-၂၀၁၇) ရက်နေ့ မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့အဆိုပါ ဖောင်ဒေးရှင်း နာကယကဖြစ်သူ ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်က လာရောက်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် စေတနာရှင်ပြည်သူ များမှလှူဒါန်းသော လှူဒါန်းပစ္စည်းနှင့် လှူဒါန်းငွေများကို ရခိုင်ပြည်နယ်ရှိ ဒေသခံတိုင်းရင်းသားများအတွက် လိုအပ်သောအကူအညီထောက်ပံ့မှုများတွင် ထိရောက်အကျိုးရှိစွာအသုံးပြုသွားမည်ဖြစ်ပါကြောင်း သတင်း ရရှိပါသည်။