Category Archives: News
-
မြန်မာရွှေ့ပြောင်း အလုပ်သမား (၁) ဦးအား ခရီးစရိတ်ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကော့သောင်းခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၉-၂၀၁၇) ရက်နေ့၌ ကော့သောင်း မြို့သို့ ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသော မြန်မာရွှေ့ပြောင်း အလုပ်သမား၊ ကျား (၂၄) ဦးအား သက်ဆိုင်ရာကော်မတီများနှင့်အတူ ပူးပေါင်းကြိုဆိုခဲ့ပြီး နေရပ်ပြန်ရန် ကားခအခက်အခဲရှိသူ (၁) ဦးအား ရန်ကုန်ခရီးစဉ်အတွက် (၂၇၀၀၀/-) ကျပ် ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
(ARSA) ဘင်္ဂလီအကြမ်းဖက်ဖြစ်စဉ်ကြောင့် နေရပ်စွန့်ခွာပြီး ယာယီလာရောက်ခိုလှုံကြသော အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (ARSA) ဘင်္ဂလီအကြမ်းဖက်ဖြစ်စဉ်ကြောင့် စစ်တွေမြို့ပေါ်ရှိ အောင်ဓမ္မရိပ်သာကျောင်းတိုက်၊ စိတ္တသုက္ခ ကမ္မဌာန်းကျာင်းတိုက်၊ ငါးစရိုင်းကျောင်းတိုက်၊ ဥတ္တရကျောင်းတိုက်၊ ဓါတ်ဦးကျောင်းတိုက်၊ ဟိန္ဒူ ဘုရားရှိခိုးကျောင်းသစ်၊ အောင်မြေ ကုန်း ကျောင်းတိုက်၊ စိတ္တသုခပရိယတ္တိကျောင်းတိုက်၊ သာသနာ့ရောင်ခြည်ကျောင်းတိုက်သို့ နေရပ်စွန့်ခွာပြီး ယာယီလာရောက် ခိုလှုံကြသော အကြမ်းဖက်ဘေးရှောင် အိမ်ထောင်စု (၃၁၅) စု၊ လူဦးရေ (၁၀၅၈) ဦးတို့အတွက် စားနပ်ရိက္ခာ (၇) ရက်စာ ဆန် (၇၇) အိတ် (၃) ပြည် (၄) … Read more
-
ထောက်ပံ့ပစ္စည်းများပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မောင်တော ခရိုင်အတွင်း အစွန်းရောက်ဘင်္ဂါလီများ၏ အကြမ်းဖက်မှုကြောင့် နေရပ်စွန့်ကာ မြောက်ဦးမြို့နယ်အတွင်းရှိ ဘုရားပေါ် ဓမ္မာရုံ၌ ခိုလှုံနေသော အိမ်ထောင်စု (၁၇) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး အားလည်းကောင်း၊ ပါးတော်ကျေးရွာ၌ ခိုလှုံနေသော အိမ်ထောင်စု (၅) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးအားလည်းကောင်း (၁၄-၉-၂၀၁၇) ရက်နေ့တွင် မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
Training on Capacity Building of CSO Members သင်တန်းတွင် ဦးစီးဌာနလုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ဆွေးနွေးပို့ချမှုသတင်း
(၁၄-၉-၂၀၁၇) ရက်နေ့တွင် သီပေါမြို့၊ ရတနာရွှေဂူကျောင်းတိုက်တွင် Christian aid and GLAD စိမ်းလန်းဘဝ လူမှုဖွံ့ဖြိုးရေးအဖွဲ့မှ စီစဉ်ဆောင်ရွက်သော Training on Capacity Building of CSO Members သင်တန်းတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာ၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ရည်ရွယ်ချက်များ၊ ထောက်ပံ့မှုများ၊ သဘာဝဘေးဖြစ်ပွားလာလျှင် ဆောင်ရွက်ရမည့် အချက်များ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ၌ ဖြစ်ပွားလေ့ရှိသော ဘေးအန္တရာယ်များအကြောင်း ရှင်းလင်းပြောကြားခြင်း၊ DM Law အကြောင်းရှင်းလင်းပြောကြားခြင်း၊ DAN Mobile … Read more
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းအမှတ်စဉ် (၁/၂၀၁၇) သင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သရက် မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် (၁၁-၉-၂၀၁၇) ရက်နေ့မှ (၁၃-၉-၂၀၁၇) ရက်နေ့အထိ သင်တန်းသား (၃၀) ဦးဖြင့်ဖွင့်လှစ်ခဲ့သည့် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းအမှတ် စဉ် (၁/၂၀၁၇) အား (၁၃-၉-၂၀၁၇) ရက်နေ့ (၁၅း၃၀) နာရီအချိန် ခရိုင် ဦးစီးမှူးရုံးခန်းမ၌ သင်တန်းဆင်းပွဲကျင်းပ ပြုလုပ်ခဲ့ရာ ကယ်ဆယ်ရေးနှင်ပြန်လည်နေရာချထားရေးဦးစီးဌာန သရက်ခရိုင်ဦးစီးမှူးရုံးတာဝန်ရှိသူတစ်ဦးမှ သင်တန်း ဆင်းအမှာစကားပြောကြားခဲ့ပြီး သင်တန်းသားတစ်ဦးချင်းစီအလိုက် သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ ဒေါင်းနေကျေးရွာတွင် သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲအား (၁၃-၉-၂၀၁၇) ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာသူ၊ ကျေးရွာသား စုစုပေါင်း (၁၅၀) ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးမကျရောက်မီ၊ ကျရောက်နေစဉ်၊ ကျရောက်ပြီး နောက်ဆောင်ရွက်ရမည့် ဆောင်ရန်၊ရှောင်ရန်များကို ရှင်းလင်းပြောပြပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် DAN Mobile Application အား ကျေးရွာသူ/ ကျေးရွာသားများ၏ လက်ကိုင်ဖုန်းများအတွင်း ထည့်သွင်းပေးခဲ့ပြီး အသုံးပြုပုံများကို ရှင်းလင်းပြောကြား ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုုံး(ကဆရ)
-
လယ်တောင်ယာကျေးရွာ မီးဘေးအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဆင်ခြေဖုံးကျေးရွာအုပ်စု၊ လယ်တောင်ယာကျေးရွာ၌ (၁၁-၉-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၀,၅၀၀) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၁၀,၅၀၀) ကျပ်တို့အား (၁၃-၉-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းအမှတ်စဉ် (၇/၂၀၁၇) ဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများဦးဆောင်၍ မွန်ပြည်နယ် ၊ သံဖြူဇရပ်မြို့တွင် (၁၃-၉-၂၀၁၇) ရက်နေ့၌ သဘာဝဘေးလျော့ပါး ရေးစေတနာ့ဝန်ထမ်း လူငယ်(ဆင့်ပွား) သင်တန်းအမှတ်စဉ် (၇/၂၀၁၇)တွင် ဖွင့်လှစ်ကျင်းပခဲ့ရာ မွန်ပြည်နယ်ဦးစီးမှူး (ကဆရ) ဦးသောင်းရွှေနှင့် သံဖြူဇရပ်မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ သင်တန်းအဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး (၂၅) ဦး၊ သင်တန်းသား/သူ (၃၀)ဦး၊ စုစုပေါင်း (၅၅) ဦးတက်ရောက်ခဲ့ကြောင်းနှင့် သင်တန်းကာလမှာ (၁၃-၉-၂၀၁၇) ရက်နေ့မှ (၁၅-၉-၂၀၁၇) ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး … Read more
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ နွားခြံအုပ်စု၊ သဲဖြူကျေးရွာတွင် (၇-၉-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော ပြိုလဲအိမ်ခြေ (၂) လုံး၊ အမိုးလန် အိမ်ခြေ (၁၁) လုံး၊ လူဦးရေ (၆၁) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၂) အိမ်ထောင်စာ၊ ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၁၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၉၂၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၁၂၈,၁၀၀) ကျပ်တို့အား (၁၃-၉-၂၀၁၇) ရက်နေ့တွင် ဘေးသင့်ပြည်သူများ … Read more









