Category Archives: News
-
မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပန်းတနော်မြို့နယ်၊ ကဿဝင်ကျေးရွာအုပ်စု၊ ရွှေဖလားကျွန်းကျေးရွာ၌ (၁-၉-၂၀၁၇)၇က်နေ့တွင် ကမ်းပြိုဘေးကြောင့် ဖျက်သိမ်းပြောင်းရွှေ့နေအိမ် (၁၅)လုံး၊ အိမ်ထောင်စု (၁၅)စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ (၁,၅၀၀,၀၀၀)နှင့် လူဦးရေ (၆၂)ဦးစာအတွက် ဆန်ရိက္ခာတန်ဖိုးငွေ (၁၃၀,၂၀၀)၊ စုစုပေါင်း တန်ဖိုးငွေကျပ် (၁,၆၃၀,၂၀၀) အား (၁၈-၉-၂၀၁၇)၇က်နေ့တွင် ပန်းတနော်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား United Nations Resident Coordinator (UNRC) မှ Ms. Renata Dessallien ဦးဆောင်သောအဖွဲ့နှင့် အမေရိကန်ပြည်ထောင်စု ဒုတိယလက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Mr. Patrick Murphy နှင့်အဖွဲ့တို့က သီးခြားစီလာရောက်တွေ့ဆုံ
၁၉-၉-၂၀၁၇၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား United Nations Resident Coordinator (UNRC) မှ Ms.Renata Dessallien ဦးဆောင်သောအဖွဲ့နှင့်အမေရိကန်ပြည်ထောင်စု ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Patrick Murphy နှင့်အဖွဲ့တို့က အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမတွင် ယနေ့နေ့လည်ပိုင်းက သီးခြားစီလာရောက်တွေ့ ဆုံခဲ့ပါသည်။ ယင်းသို့တွေ့ဆုံရာတွင် Ms. Renata Dessallien က နိုင်ငံတော်အစိုးရ၏ ရခိုင်ပြည်နယ်အတွက် ဆောင်ရွက်မှု များအား အသိအမှတ်ပြုဝမ်းမြောက်ပါကြောင်း၊ လတ်တလောစားဝတ်နေရေး ထောက်ပံ့မှုများအပြင် … Read more
-
မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပန်းတနော်မြို့နယ်၊ ရေပေါ်ကြီးကျေးရွာအုပ်စု၊ အောက်ဒေါင့်ကြီးကျေးရွာနှင့် ကုလားမချောင်ကျေးရွာ၌ (၁-၉-၂၀၁၇)၇က်နေ့တွင် ကမ်းပြိုဘေးကြောင့် ဖျက်သိမ်းပြောင်းရွှေ့ နေအိမ် (၃၀)လုံး၊ အိမ်ထောင်စု(၃၀)စုစာ ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၃,၀၀၀,၀၀၀)နှင့် စုစုပေါင်းလူဦးရေ (၁၃၁)ဦးစာ အတွက် ဆန်ရိက္ခာတန်ဖိုးငွေကျပ် (၂၇၅,၁၀၀)၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၃,၂၇၅,၁၀၀)အား (၁၈-၉-၂၀၁၇)၇က်နေ့တွင် ပန်းတနော်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများနှင့် အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။
-
မြစ်ရေကြီးခြင်းသတိပေးချက် (၁၆း၀၀) နာရီအချိန်ထုတ်ပြန်ချက်
၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၁၉)ရက် (၁၆:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာန မှ မြစ်ရေကြီးခြင်းသတိပေးချက်ကို အောက်ပါအတိုင်း ထုတ်ပြန် ထားပါသည်။ ယနေ့မြန်မာစံတော်ချိန် (၁၅:၃၀)နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် မုံရွာမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၂)ပေခွဲခန့်တွင် ရောက်ရှိနေပါတယ်။ အဆိုပါမြစ်ရေသည် နောက် (၃)ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ ချင်းတွင်းမြစ်ရှိ မုံရွာမြို့နယ်အတွင်း မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူ များ အနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၉-၂၁၇) ရက် နေ့တွင် ကသာမြို့နယ်၊ မိုးတားကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူ (၃၄၂) ဦးအား သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်အကြောင်းအရာများအား ဆွေးနွေးဟောပြောခြင်းနှင့် အသိ ပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မြို့နယ်အဆင့် သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်အဆင့် သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်းအား (၁၉-၉-၂၀၁၇) ရက် နေ့တွင် သင်တန်းသား/သင်တန်းသူ (၅၂) ဦးဖြင့် ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလမှာ (၂) ရက်တာ ကြာမြင့်မည် ဖြစ်ပါသည်။ အဆိုပါသင်တန်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူးမှ သင်တန်းအဖွင့်အမှာစကားပြောကြားခြင်း၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးတာဝန်ရှိသူတစ်ဦးမှ သင်တန်းဖွင့်လှစ်ရခြင်းအကြောင်း ရှင်းလင်းပြောကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
တိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်းများတွင် အသုံးပြုရန်အတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နမ္မတူမြို့ရှိ တိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်းများတွင် အသုံးပြုရန်အတွက် (၇’) အမိုးသွပ် အချပ် (၇၀၀) အားလည်းကောင်း၊ ရွှေမြင်သာဘုန်းတော်ကြီးကျောင်း ကြူဆော့ကယ်ဆယ်ရေးစခန်းတွင် အဝီစိတွင်းတူး ဖော်ရန်အတွက် ထောက်ပံ့ငွေ (၁,၅၀၀,၀၀၀) ကျပ်တို့အား ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှလည်းကောင်း (၁၉-၉-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းလှမြို့နယ်၊ သပြေတောကျေးရွာ၌ (၁၆-၉-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော ပြိုကျနေအိမ် (၁) လုံးနှင့် အမိုးလန်နေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၂၀,၀၀၀) ကျပ်နှင့် လူဦးရေ (၁၀) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၁,၀၀၀) ကျပ်တို့အား (၁၈-၉-၂၀၁၇) ရက်နေ့တွင် မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦး စီးဌာန တာဝန်ရှိသူတစ်ဦးထံသို့ လဲွှပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကံမမြို့နယ်၊ တောင်စကိုင်းကျေးရွာ၌ (၁၆-၉-၂၀၁၇) ရက်နေ့တွင် မိုးကြိုးပစ်မှုဖြစ်ပွားခဲ့ရာမှ မိုးကြိုးစက်ကွင်းထိ၍ ထိခိုက်ဒဏ်ရာ ရရှိသူတစ်ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀) ကျပ်အား ကံမမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူ တစ်ဦးနှင့် အတူ (၁၈-၉-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မြစ်ရေကြီးခြင်းသတိပေးချက် (၁၀း၀၀) နာရီအချိန်ထုတ်ပြန်ချက်
၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၁၉)ရက် (၁၀:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ မြစ်ရေကြီးခြင်းသတိပေးချက်ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။ မြစ်ရေကြီးခြင်းသတိပေးချက် ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန် တိုင်းထွာချက်အရ မြစ်သာမြစ်ရေသည် ပြင်သာ (ကလေးမြို့နယ်)တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၁) ပေခွဲခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် (၁) ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ကျော်လွန်ရောက်ရှိနိုင်ပါသည်။ ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန် တိုင်းထွာချက်အရ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် … Read more









