၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၁၉)ရက် (၁၆:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာန မှ မြစ်ရေကြီးခြင်းသတိပေးချက်ကို အောက်ပါအတိုင်း ထုတ်ပြန် ထားပါသည်။
ယနေ့မြန်မာစံတော်ချိန် (၁၅:၃၀)နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် မုံရွာမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၂)ပေခွဲခန့်တွင် ရောက်ရှိနေပါတယ်။ အဆိုပါမြစ်ရေသည် နောက် (၃)ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။
သို့ဖြစ်ပါ၍ ချင်းတွင်းမြစ်ရှိ မုံရွာမြို့နယ်အတွင်း မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူ များ အနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။