Category Archives: News
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၉-၂၀၁၇) ရက်နေ့တွင် တာချီလိတ်မြို့နယ်၊ အ.ထ.က တာချီလိတ်၌ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၂၀၀) ဦးအား မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် သဘာဝဘေးအန္တရာယ်များအကြောင်း သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များအကြောင်း ရှင်းလင်းပြောကြားခြင်း၊ လက်တွေ့သရုပ်ပြ လေ့ကျင့်ခြင်း၊ ဦးစီးဌာနလုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး အသိပညာပေးလက်ကမ်း စာစောင်ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကယ်ဆယ်ရေးပစ္စည်းနှင့်ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ ကျားရဲကျေးရွာအုပ်စု၊ မန်တိုင်းကျေးရွာ၌ (၁၈-၉-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် ဘေးသင့်ခဲ့သော ပြိုကျပျက်စီးနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၆) ဦး အတွက် Unicef family Kit (၁) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၂,၆၀၀) ကျပ်တို့အား (၂၁-၉-၂၀၁၇) ရက်နေ့တွင် … Read more
-
မကွေးမြို့နယ်၊ ညောင်ပင်ကျေးရွာ၌ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ ညောင်ပင်ကျေးရွာ၌ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲအား (၂၀-၉-၂၀၁၇) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာသူ၊ ကျေးရွာသား စုစုပေါင်း (၁၈၀) ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးမကျရောက်မီ၊ ကျရောက်နေစဉ်၊ ကျရောက်ပြီးနောက် ဆောင်ရွက်ရမည့် ဆောင်ရန်၊ ရှောင်ရန််များကို ရှင်းလင်းဟောပြောခြင်း၊ လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုုံး(ကဆရ)
-
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ ညှိနှိုင်း အစည်းအဝေးကျင်းပမှုသတင်း
စစ်တွေ စက်တင်ဘာ ၂၀ ရခိုင်ပြည်နယ်ဆိုင်ရာ အကြုံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ ပူးတွဲဥက္ကဋ္ဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် အဖွဲ့ဝင်များသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် ညှိနှိုင်း အစည်းအဝေးကို ပြည်နယ်အစိုးရ ဧည့်ရိပ်သာ အစည်းအဝေးခန်းမ၌ (၂၀-၉-၂၀၁၇) ရက်နေ့၊ မွန်းလွဲ ၁၂ နာရီခွဲတွင် ကျင်းပသည်။ အဆိုပါအစည်းအဝေးတွင် ကော်မတီပူးတွဲဥက္ကဋ္ဌ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်က အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီအနေဖြင့် မြေပြင် သွားရောက်ကြည့်ရှု လေ့လာခဲ့မှုအပေါ် ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားများ၏ စိတ်ခံစားမှုနှင့် … Read more
-
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီပူးတွဲဥက္ကဋ္ဌ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပုနှင့်အဖွဲ့ဝင်များ မောင်တောဒေသ မြေပြင်ကွင်းဆင်းကြည့်ရှုမှုသတင်း
စစ်တွေ၊ စက်တင်ဘာ ၂၀ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီပူးတွဲ ဥက္ကဋ္ဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ကော်မတီအဖွဲ့ဝင် အမြဲတမ်းအတွင်းဝန်များနှင့်အတူ မောင်တောဒေသ ဘက်ပေါင်းစုံပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ရန် စက်တင်ဘာ ၁၉ ရက် နံနက်က စစ်တွေမြို့မှ ဘူးသီးတောင်မြို့သို့ အမြန်ရေယာဉ်ဖြင့် သွားရောက်ကြသည်။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ ပူးတွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ဘူးသီးတောင်မြို့ အလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်းဝင်းစုရပ်၌ နေရပ် စွန့်ခွာပြည်သူများနှင့်တွေ့ဆုံပြီး အားပေးစကားများပြောကြားကာ စားနပ်ရိက္ခာနှင့် ထောက်ပံ့ငွေများ ပေးအပ်ကြ သည်။ ဆက်လက်ပြီး ကော်မတီပူးတွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ဘူးသီးတောင်မြို့နယ် … Read more
-
ရေဘေးထောက်ပံ့မှုသတင်း
ကလေးခရိုင်ဦးစီးမှူးရုံး(ကဆရ) မှတာဝန်ရှိသူများသည် ချင်းပြည်နယ် မြောက်ပိုင်းနှင့် ဂန့်ဂေါဒေသ၊ ကလေးဒေသတို့တွင် မိုးအဆက်မပြတ်ရွာ သွန်းမှုကြောင့် မြစ်သာမြစ်သည် စိုးရိမ်းအမှတ်ထက်ကျော်လွန်ကာ ကလေး မြို့နယ်၊ ကျေးရွာ (၁၁) ရွာနှင့် ရပ်ကွက် (၆) ခုတို့တွင် မြစ်ရေဝင်ရောက် မှုကြောင့် ရေဘေးရှောင် ကယ်ဆယ်ရေးစခန်း (၁၇) ခုတို့၌ ရေဘေးရှောင် အိမ်ထောင်စု (၁၀၃၈) စုနှင့် လူဦးရေ (၄၆၃၅) ဦးတို့အတွက် ဆန်ဖိုးငွေ စုစုပေါင်း (၉၇၃၃၅၀ဝိ/-) အား (၂၀-၉-၂၀၁၇) ရက်နေ့တွင် ချင်းတိုင်းရင်းသားရေးရာဝန်ကြီး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် တို့နှင့်အတူ … Read more
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ဇီးအုပ်ကျေးရွာအုပ်စု၊ ရွှေတဲသဲကျေးရွာ၌ (၁၆-၉-၂၀၁၇) ရက်နေ့တွင် မိုးကြိုးပစ်မှုဖြစ်ပွားခဲ့ရာ မိုးကြိုးပစ်ခံရ၍ သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ်နှင့် မိုးကြိုးစက်ကွင်းမိ၍ ဒဏ်ရာရရှိသူ (၂) ဦးအတွက် တစ်ဦးလျှင် (၅၀,၀၀၀) ကျပ်နှုန်းဖြင့် (၁၀၀,၀၀၀) ကျပ် စုစုပေါင်း ထောက်ပံ့ငွေ (၄၀၀,၀၀၀) ကျပ်အား (၂၀-၉-၂၀၁၇) ရက်နေ့တွင် သဲကုန်းမြို့နယ် ထွေအုပ်သို့သွားရောက်၍ သေဆုံးသူ၏ မိသားစုဝင်နှင့် ဒဏ်ရာရရှိသူများ လက်ဝယ်အရောက် ထောက်ပံ့ … Read more
-
ဖျာပုံမြို့နယ်၊ ဂျိုဝါကျောက်ရဲကျေးရွာအုပ်စု၊ ဂျိုဝါကျေးရွာ လေဘေးသင့် အိမ်ထောင်စု (၁) စုအတွက် ထောက်ပံ့မှုသတင်း
(၁၇-၉-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ ဂျိုဝါကျောက်ရဲကျေးရွာအုပ်စု၊ ဂျိုဝါကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲခဲ့သည့် နေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ ဆန်ဖိုးငွေ (၄၂၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်ဖိုးငွေ (၁၀၀၀၀၀) ကျပ်တို့ကို (၂၀-၉-၂၀၁၇) ရက်နေ့တွင် ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ကွင်းဆင်းထောက်ပ့ံခဲ့ကြောင်း သိရှိရပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)









