ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ဇီးအုပ်ကျေးရွာအုပ်စု၊ ရွှေတဲသဲကျေးရွာ၌ (၁၆-၉-၂၀၁၇) ရက်နေ့တွင် မိုးကြိုးပစ်မှုဖြစ်ပွားခဲ့ရာ မိုးကြိုးပစ်ခံရ၍ သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ်နှင့် မိုးကြိုးစက်ကွင်းမိ၍ ဒဏ်ရာရရှိသူ (၂) ဦးအတွက် တစ်ဦးလျှင် (၅၀,၀၀၀) ကျပ်နှုန်းဖြင့် (၁၀၀,၀၀၀) ကျပ် စုစုပေါင်း ထောက်ပံ့ငွေ (၄၀၀,၀၀၀) ကျပ်အား (၂၀-၉-၂၀၁၇) ရက်နေ့တွင် သဲကုန်းမြို့နယ် ထွေအုပ်သို့သွားရောက်၍ သေဆုံးသူ၏ မိသားစုဝင်နှင့် ဒဏ်ရာရရှိသူများ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)