ကလေးခရိုင်ဦးစီးမှူးရုံး(ကဆရ) မှတာဝန်ရှိသူများသည် ချင်းပြည်နယ် မြောက်ပိုင်းနှင့် ဂန့်ဂေါဒေသ၊ ကလေးဒေသတို့တွင် မိုးအဆက်မပြတ်ရွာ သွန်းမှုကြောင့် မြစ်သာမြစ်သည် စိုးရိမ်းအမှတ်ထက်ကျော်လွန်ကာ ကလေး မြို့နယ်၊ ကျေးရွာ (၁၁) ရွာနှင့် ရပ်ကွက် (၆) ခုတို့တွင် မြစ်ရေဝင်ရောက် မှုကြောင့် ရေဘေးရှောင် ကယ်ဆယ်ရေးစခန်း (၁၇) ခုတို့၌ ရေဘေးရှောင် အိမ်ထောင်စု (၁၀၃၈) စုနှင့် လူဦးရေ (၄၆၃၅) ဦးတို့အတွက် ဆန်ဖိုးငွေ စုစုပေါင်း (၉၇၃၃၅၀ဝိ/-) အား (၂၀-၉-၂၀၁၇) ရက်နေ့တွင် ချင်းတိုင်းရင်းသားရေးရာဝန်ကြီး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် တို့နှင့်အတူ သက်ဆိုင်ရာကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ထောက်ပံ့ ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကလေးခရိုင်ဦးစီးမှူးရုံး (ကဆရ)