ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ ညှိနှိုင်း အစည်းအဝေးကျင်းပမှုသတင်း

21_pic02စစ်တွေ စက်တင်ဘာ ၂၀

ရခိုင်ပြည်နယ်ဆိုင်ရာ အကြုံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ ပူးတွဲဥက္ကဋ္ဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် အဖွဲ့ဝင်များသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် ညှိနှိုင်း အစည်းအဝေးကို ပြည်နယ်အစိုးရ ဧည့်ရိပ်သာ အစည်းအဝေးခန်းမ၌ (၂၀-၉-၂၀၁၇) ရက်နေ့၊ မွန်းလွဲ ၁၂ နာရီခွဲတွင် ကျင်းပသည်။

အဆိုပါအစည်းအဝေးတွင် ကော်မတီပူးတွဲဥက္ကဋ္ဌ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်က အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီအနေဖြင့် မြေပြင် သွားရောက်ကြည့်ရှု လေ့လာခဲ့မှုအပေါ် ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားများ၏ စိတ်ခံစားမှုနှင့် ၎င်းတို့ ကြံုတွေ့နေရသော အခြေအနေအရပ်ရပ်ကို တိုက်ရိုက်ကြားသိခဲ့ပြီး ဖြစ်ပါကြောင်း၊ ယင်းအခြေအနေများကို တတ်နိုင်သမျှ ခြံုငုံသုံးသပ် သိရှိခဲ့ပြီးဖြစ်၍ လက်တွေ့ကျကျ လေ့လာပြီး တိုင်းရင်းသားများ၏ စိတ်ခံစားမှု၊ ဘဝပြန်လည်ထူထောင်မှုအပါအဝင် ပြန်လည်နေရာချထားရေး ကိစ္စရပ်များကို ဦးစားပေး ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ လေ့လာတွေ့ရှိချက်များကို ခြံုငုံ အကောင်အထည်ဖော်နိုင်မည်ဆိုပါက ကော်မတီ၏ လုပ်ငန်းများကို အောင်အောင်မြင်မြင်ဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ကော်မတီအဖွဲ့ဝင်များအနေဖြင့် ခရီးစဉ်၏ တွေ့ရှိချက်များအပေါ် စုစည်းတင်ပြရန်လိုအပ်ပါကြောင်း၊ တွေ့ရှိချက်များအပေါ် သက်ဆိုင်ရာ ဌာနအလိုက် တာဝန်ပေးချက်နှင့်အညီ ပြန်လည်နေရာချထားရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် ဆက်သွယ်ရေး ကိစ္စရပ်များကို အဆောတလျင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် လတ်တလောရေတို ဆောင်ရွက်ရမည့်လုပ်ငန်းများ ပါ၀င်သကဲ့သို့ ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းများလည်း ပါ၀င်ပါကြောင်း ပြောကြားသည်။

(၂၀-၉-၂၀၁၇) ရက်နေ့တွင် ကျင်းပသော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ ညှိနှိုင်းအစည်းအဝေးတွင် စက်တင်ဘာ ၁၉ ရက်နှင့် ၂၀ ရက်တို့က ကျောက်တော်၊ ဘူးသီးတောင်နှင့် မောင်တော ဒေသအတွင်း၌ မြေပြင်ကွင်းဆင်းလေ့လာခဲ့သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီအဖွဲ့ဝင်များက မိမိတို့ဌာနအလိုက် အကောင်အထည်ဖော် လုပ်ဆောင်ပေးမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး ယင်းဆွေးနွေးမှု အပေါ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးများကလည်း ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events