Category Archives: News
-
ကယ်ဆယ်ရေးပစ္စည်းနှင့်ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတခရိုင်အတွင်း ဇလွန်မြို့နယ်၊ တောင်ပို့တစ်ရာအုပ်စု၊ ရေလယ်သောင်လေးရွာနှင့် ရေလယ်သောင်ရွာ တို့တွင် (၄-၉-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့် ခဲ့သော အိမ်ထောင်စု (၁၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၁၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၄၁) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၈၆,၁၀၀) ကျပ်တို့အား မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးနှင့်အတူ (၂၂-၉-၂၀၁၇) ရက်နေ့တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
တောင်ကြီးမြို့နယ်၊ ဇလဲကျေးရွာ အထကကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၉-၂၀၁၇) ရက်နေ့၊ နံနက် (၁၀းဝဝ) နာရီအချိန်တွင် တောင်ကြီးမြို့နယ်၊ ဇလဲကျေးရွာ အထကကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ပြီး တက်ရောက်လာသူများထံ လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါသည်။ ဟောပြောပွဲသို့ တက်ရောက်သူ (၇၀၀) ဦးရှိကြောင်း သိရှိရပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသော မြန်မာအလုပ်သမားများအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
(၁၉-၉-၂၀၁၇) ရက်နေ့၌ ကော့သောင်းမြို့တွင် ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသော အထောက် အထားမဲ့ မြန်မာအလုပ်သမား ကျား (၂၇) ဦးအနက် နေရပ်ပြန်ရန် ကားခမပါရှိသူ (၉) ဦးအတွက် ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများမှ ထောက်ပံ့ငွေ (၁၇၇,၀၀၀) ကျပ်တို့အား (၁၉-၉-၂၀၁၇) ရက်နေ့တွင် ကူညီထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၂၂-၉-၂၀၁၇) ရက်နေ့တွင် ချောင်းဆုံမြို့နယ်၊ မုဒွန်းကျေးရွာ၌ သဘာဝ ဘေးအသိပညာပေးဟောပြောပွဲဆွေးနွေးကျင်းပခဲ့ရာ လူဦးရေ (၁၅၀) ဦး တက်ရောက်ခဲ့ ပြီး တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ဘေးအန္တရာယ်စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြှင့်တင်ခြင်းအလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုသတင်း
(၂၂-၉-၂၀၁၇) ရက်နေ့တွင် မော်လမြိုင်မြို့၊ ရညမညဟိုတယ်၌ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာနနှင့် Un-Habitat အဖွဲ့တို့ပူးပေါင်း၍ ဘေးအန္တရာယ်စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြှင့်တင်ခြင်းအလုပ်ရုံ ဆွေးနွေးပွဲကျင်းပ ပြုလုပ်ခဲ့ရာ မွန်ပြည်နယ်လူမှုရေးဝန်ကြီး၊ ဒေါက်တာထိန်လင်းမှ အဖွင့်အမှာစကားပြောကြား ခဲ့ပြီး မွန်ပြည်နယ်ဦးစီးမှူးမှ သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဖွဲ့စည်းပုံအခန်းကဏ္ဍနှင့် တာဝန်ဝတ္တရားများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ပြည်နယ်သဘာဝဘေး စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင် (၂၅) ဦး၊ မော်လမြိုင်/သထုံ ခရိုင်သဘာဝဘေး စီမံခန့်ခွဲမှုကော်မတီဝင် (၂) ဦး၊ မွန်ပြည်နယ် DRR working group.အဖွဲ့မှ (၈) ဦး၊ CSO အဖွဲ့များမှ (၁၅) ဦး၊ … Read more
-
အင်ဒိုနီးရှားနိုင်ငံအစိုးရက ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများအတွက် အစားအသောက်၊ လူသုံးကုန်ပစ္စည်းနှင့်ဆေးဝါးများကူညီ
ရန်ကုန် စက်တာင်ဘာ ၂၁ အင်ဒိုနီးရှားနိုင်ငံအစိုးရက ရခိုင်ပြည်နယ်အတွင်းရှိ အခက်အခဲကြုံတွေ့နေရသော ဒေသခံပြည်သူ များအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးရန် အစားအသောက်၊ လူသုံးကုန် ပစ္စည်းနှင့် ဆေးဝါးများတင်ဆောင်လာသော တပ်မတော်ပစ္စည်းသယ်လေယာဉ်နှစ်စင်းသည် ယနေ့မွန်းလွဲ ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည်။ အဆိုပါပစ္စည်းများကို မြန်မာနိုင်ငံဆိုင်ရာအင်ဒိုနီးရှားသံအမတ်ကြီးH.E. Dr Sumardiက လွှွဲပြောင်း ပေးအပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်က ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ လက်ခံသည်။ ထိုသို့ကူညီမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာအင်ဒိုနီးရှားသံအမတ်ကြီး H.E. Dr … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၉-၂၀၁၇) ရက်နေ့ နေ့လည်ပိုင်းတွင် လှိုင်းဘွဲမြို့နယ်၊ မဲလောင်းကြီးကျေးရွာရှိ ပြည်သူလူထု (၁၅၀) ဦးအား မဲလောင်းကြီးဘုန်းကြီးကျောင်း ဓမ္မာရုံ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ရေလုပ်သားများအတွက် ထောက်ပံ့ပစ္စည်းများနှင့် ခရီးစရိတ်ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၉-၂၀၁၇) ရက်နေ့တွင် ပင်လယ်အတွင်းမုန်တိုင်းမိ၍ (၆) ရက်ခန့် ရေထဲမျောပါပြီး (၂၁-၉-၂၀၁၇) ရက်နေ့တွင် မော်လမြိုင်မြို့သို့ ပြန်လည်ရောက်ရှိလာသော ဖျာပုံမြို့နယ်၊ ခါးပြတ်ကျေးရွာမှ ရေလုပ်သား (၈) ဦးအတွက် တီရှမ် (၈) ထည်၊ လုံချည် (၈) ထည်နှင့် ခရီးစရိတ်ထောက်ပံ့ငွေ (၈၄,၀၀၀) ကျပ်တို့အား (၂၁-၉-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်၊ အနောက်မော်တုန်းကျေးရွာအုပ်စု ကမ်တော့ကမ်းကျေးရွာ၌ (၁၇-၉-၂၀၁၇) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးနှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၆,၈၀၀) ကျပ်တို့အား (၂၂-၉-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)









