ဘေးအန္တရာယ်စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြှင့်တင်ခြင်းအလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုသတင်း

22 Pic 03

(၂၂-၉-၂၀၁၇) ရက်နေ့တွင် မော်လမြိုင်မြို့၊ ရညမညဟိုတယ်၌ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာနနှင့် Un-Habitat အဖွဲ့တို့ပူးပေါင်း၍ ဘေးအန္တရာယ်စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြှင့်တင်ခြင်းအလုပ်ရုံ ဆွေးနွေးပွဲကျင်းပ ပြုလုပ်ခဲ့ရာ မွန်ပြည်နယ်လူမှုရေးဝန်ကြီး၊ ဒေါက်တာထိန်လင်းမှ အဖွင့်အမှာစကားပြောကြား ခဲ့ပြီး မွန်ပြည်နယ်ဦးစီးမှူးမှ သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဖွဲ့စည်းပုံအခန်းကဏ္ဍနှင့် တာဝန်ဝတ္တရားများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ပြည်နယ်သဘာဝဘေး စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင် (၂၅) ဦး၊ မော်လမြိုင်/သထုံ ခရိုင်သဘာဝဘေး စီမံခန့်ခွဲမှုကော်မတီဝင် (၂) ဦး၊ မွန်ပြည်နယ် DRR working group.အဖွဲ့မှ (၈) ဦး၊ CSO အဖွဲ့များမှ (၁၅) ဦး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ (၃) ဦး၊ UN-Habitat အဖွဲ့မှ (၃) ဦး၊ စုစုပေါင်း (၅၆) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events