ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၉-၂၀၁၇) ရက်နေ့တွင် ပင်လယ်အတွင်းမုန်တိုင်းမိ၍ (၆) ရက်ခန့် ရေထဲမျောပါပြီး (၂၁-၉-၂၀၁၇) ရက်နေ့တွင် မော်လမြိုင်မြို့သို့ ပြန်လည်ရောက်ရှိလာသော ဖျာပုံမြို့နယ်၊ ခါးပြတ်ကျေးရွာမှ ရေလုပ်သား (၈) ဦးအတွက် တီရှမ် (၈) ထည်၊ လုံချည် (၈) ထည်နှင့် ခရီးစရိတ်ထောက်ပံ့ငွေ (၈၄,၀၀၀) ကျပ်တို့အား (၂၁-၉-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)