ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတခရိုင်အတွင်း ဇလွန်မြို့နယ်၊ တောင်ပို့တစ်ရာအုပ်စု၊ ရေလယ်သောင်လေးရွာနှင့် ရေလယ်သောင်ရွာ တို့တွင် (၄-၉-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့် ခဲ့သော အိမ်ထောင်စု (၁၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၁၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၄၁) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၈၆,၁၀၀) ကျပ်တို့အား မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးနှင့်အတူ (၂၂-၉-၂၀၁၇) ရက်နေ့တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ကဆရ)