Category Archives: News
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး (၁၂)ကြိမ်မြောက် အာဆီယံ လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အာဆီယံအစိုးရအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်မှု အစည်းအဝေးတက်ရောက်ဖွင့်လှစ်မှုသတင်း
၁၇.၁၀.၂၀၁၇၊ ရန်ကုန် အာဆီယံ Blue Print ပါ အသိုက်အဝန်းကြီး (၃)ရပ်အနက်မှ အာဆီယံလူမှု အသိုက်အဝန်းအကြား လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ၊ အပြန်အလှန် ဆက်သွယ်မှု ကူညီဆောင်ရွက်မှုများ အားကောင်းခိုင်မာစေရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် 12th ASEAN GO-NGO Forum on Social Welfare and Development အစည်းအဝေးနှင့် ASEAN အဆင့်မြင့်အရာရှိကြီးများ ဆက်စပ်အစည်းအဝေး များကို ရန်ကုန်၊ ဆူးလေရှန်ဂရီလာ ဟိုတယ်တွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး … Read more
-
မတ္တရာမြို့နယ်နှင့် စဉ့်ကူးမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော ရေဘေးကြောင့် ဘေးသင့်ခဲ့သည့်ပြည်သူများအတွက် ထောက်ပ့့ံမှုသတင်း
(၁၄-၁၀-၂၀၁၇) ရက်နေ့ မတ္တရာမြို့နယ် သပြေချောင်း၊ ရှားစေးချက်၊ ကျွဲကျ၊ အုတ်တိုက်ကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော ရေဘေးကြောင့် ဘေးသင့်လူဦးရေ (၆၂၀) ဦးအတွက် ဆန်ရိက္ခာဖိုးကျပ်ငွေ (၃) ရက်စာ (၅၅၈၀၀၀) ကျပ်တိတိနှင့် မိုးကြိုးကျေးရွာ ကမ်းပြိုဘေးကြိုတင်ဖျတ်သိမ်းပြေားရွှေ့အိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဘေးသင့်လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုး စုစုပေါင်းကျပ်ငွေ (၁၁၀၅၀၀) တိတိ၊ သောက်ရေသန့်ကဒ် (၆၀) ကဒ်နှင့် ရေသန့်ဆေးဖာ (၂) ဖာတို့ကိုလည်းကောင်း၊ (၁၄-၁၀-၂၀၁၇) ရက်နေ့ စဉ့်ကူးမြို့နယ်တွင် ဖြစ်ပွားခဲ့သော ရေဘေးကြောင့် … Read more
-
ကျောက်ပြောက်ကျေးရွာအုပ်စု၊ ဝါးနက်ချွန်ကျေးရွာ၌ သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
(၁၆-၁၀-၂၀၁၇) ရက်နေ့၊ (၁၃းဝဝ) နာရီအချိန်တွင် ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ကျောက်ပြောက်ကျေးရွာအုပ်စု၊ ဝါးနက်ချွန်ကျေးရွာဘုန်းတော်ကြီးကျောင်း၌ သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ ကျေးရွာသူ၊ ကျေးရွာသား (၇၅) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
“ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ ” အထိမ်းအမှတ်အခမ်းအနားကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁၀-၂၀၁၇) ရက်နေ့တွင် မုံရွာမြို့တော်ခန်းမ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်ပူးပေါင်း၍ “ အပြည်ပြည်ဆိုင်ရာ သဘာ၀ ဘေးလျော့ပါးရေးနေ့ ” အထိမ်းအမှတ်အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီး ချုပ် မှ အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး လူမှုရေးဝန်ကြီးမှ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ သဝဏ်လွှာအား ဖတ်ကြား ၍ စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများတွင်ဆုရ ကျောင်းသား/သူများကိုဆုချီးမြှင့်ခြင်း၊ဓာတ်ပုံမှတ်တမ်းများ အားလှည့်လည်ကြည့်ရှုခြင်းများကို အခမ်းအနား အစီအစဉ်အတိုင်း ကျင်းပခဲ့ရာ(၁၀း၀၀)နာရီအချိန်တွင် အခမ်းအနား ပြီးဆုံးခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ဝန်ကြီးများ၊တိုင်းဒေသကြီး/ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ အရပ်ဖက်လူမှုရေးအဖွဲ့အစည်းများ၊ NGO … Read more
-
ရခိုုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးများ ပါဝင်သော ပြည်ထောင်စုစီမံကိန်း၊ (Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine – UEHRD) ကို အကောင်အထည်ဖော်ရေး ရှေ့ပြေးစီမံချက် စတင်ဆောင်ရွက်
စစ်တွေ အောက်တိုဘာ ၁၆ ရခိုုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးများ ပါဝင်သော ပြည်ထောင်စုစီမံကိန်း၊ (Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine – UEHRD) ကို အကောင်အထည်ဖော်ရေး ရှေ့ပြေးစီမံချက် အကောင်အထည်ဖော်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် သန်းထွဋ်တို့နှင့်အတူ မောင်တောမြို့နယ် လောင်းဒုံ၊ ဘဒကား၊ … Read more
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ပြည်ခရိုုင်ဦးစီးမှူးရုံး မှတာဝန်ရှိသူများသည် (၁၆-၁၀-၂၀၁၇) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ကျွန်းမီးကျေးရွာအုပ်စု ရွှေတောင်စုကျေးရွာ တွင် (၁၀-၁၀-၂၀၁၇) ရက်နေ့ ကမ်းပြိုရွှေ့ပြောင်း နေအိမ် (၉)လုံး အတွက် (၁၀၀၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း (၉၀၀၀၀၀) ကျပ် အား ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးလျော့ပါးရေးနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ဖျာပုံခရိုုင်ဦးစီးမှူးရုံး မှတာဝန်ရှိသူများသည် (၁၆-၁၀-၂၀၁၇)ရက်နေ့တွင် ဖျာပုံခရိုင်၊ဘိုကလေးမြို့၊ မြို့ တော်ခန်းမတွင် World Vision နှင့်ပူးပေါင်း၍အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အခမ်းအနား ကိုကျင်းပခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြေကြားပြီး ဖျာပုံခရိုင်ဦးစီးမှူးမှ ဌာနဆောင်ရွက်ချက်များ ရှင်းလင်းခဲ့ပြီး World Vision မှ စီမံကိန်းမန်နေဂျာမှ သဘာဝဘေးလုပ်ငန်းဆောင်ရွက်ချက်များ ရှင်းလင်းခဲ့ကြောင်း သတင်း ရရှိပါသည်။Source: ဖျာပုံခရိုုင်ဦးစီးမှူးရုံး (ကဆရ)
-
မြဝတီမြို့အမှတ်(၁)ရပ်ကွက် မီးဘေးသင့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
(၁၂-၁၀-၂၀၁၇) ရက်နေ့၊ မွန်းလွဲ(၀၂းဝဝ) နာရီအချိန်တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြဝတီမြို့၊ အမှတ် (၁) ရပ်ကွက်၊ နှင်းဆီလမ်း၌ (၁၀-၁၀-၂၀၁၇) ရက်နေ့၊ ည (၁၁းဝဝ) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ (၄) လုံး၊ အိမ်ထောင်စု (၁၄) စုမှ ကျား (၂၇) ဦး၊ မ (၂၂) ဦး၊ စုစုပေါင်း (၄၉) ဦးအား ဆန်ရိက္ခာဖိုး (၇) ရက်စာ (၁၀၂၉၀၀) … Read more









