Category Archives: News
-
မောင်းမကန်ကမ်းခြေ၌ ဆူနာမီဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် မောင်းမကန်ကျေးရွာ အ.ထ.ကကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း
================================================= Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) ================================================= ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးသည် ကမ္ဘာ့ဆူနာမီအသိပညာပြန့်ပွားရေးနေ့ (World Tsunami Awareness Day) နေ့အထိမ်းအမှတ်အဖြစ် ဆူနာမီဇာတ်တိုက်လေ့ကျင့်ခြင်းကို (၈-၁၁-၂၀၁၇) ရက်နေ့၊ (၀၉းဝဝ) နာရီအချိန်တွင် မောင်းမကန်ကမ်းခြေ၌ လူဦးရေ (၃၅၀) ဦးဖြင့် ပြုလုပ်ခဲ့ကြပြီး သဘာဝဘေးအသိပညာပေးဟောပြောခြင်းကို (၈-၁၁-၂၀၁၇) ရက်နေ့၊ (၁၃းဝဝ) နာရီအချိန်တွင် မောင်းမကန်ကျေးရွာ အ.ထ.ကကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
-
ဘားအံမြို့နယ်၊ မုက္ကဒိကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================= Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) ================================================= (၈-၁၁-၂၀၁၇) ရက်နေ့၊ (၁၉းဝဝ) နာရီအချိန်တွင် ဘားအံမြို့နယ်၊ မုက္ကဒိကျေးရွာ၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ် (၂)လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု(၂)စု လူဦးရေ(၉) ဦး ဘေးဒုက္ခခံစားခဲ့ရပါသည်။ အဆိုပါမီးဘေးသင့်ပြည်သူများအတွက် (၉-၁၁-၂၀၁၇) ရက်နေ့တွင် ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၂)အိမ်ထောင်စုစာ၊ ပျက်စီးနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ကျပ် (၄၀၀၀၀၀)နှင့် ဆန်ရိက္ခာ(၇)ရက်စာ (၁၂၆၀၀) ကျပ်တိတိအား ဗမာတိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးနှင့် ပြည်နယ်ဦးစီးမှူးတို့မှ သွားရောက် ထောက်ပံ့ခဲ့ကြောင်း … Read more
-
ရခိုင်ဒေသသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီအထောက်အပံများ ပေးအပ်ရန် စေတနာ့၀န်ထမ်း လူငယ်များ စတင်ခရီးထွက်ခွာခြင်း
================================================= ၉-၁၁-၂၀၁၇၊ ရန်ကုန် ရခိုင်ဒေသသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီများ အထောက်အပံ့ပေးရေးနှင့် ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရေး၊ ပြည်ထောင်စုစီမံကိန်း (UEHRD) ၏လုပ်ငန်းစဥ်များ အနက်မှ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ထိိထိ ရောက်ရောက်ပေးအပ်ဆောင်ရွက်နိုင်ရန်အတွက် တစ်နိုင်ငံလုံးရှိ စေတနာ့၀န်ထမ်း လူငယ်များသည် (၉.၁၁.၂၀၁၇) ရက်နေ့၊ နံနက်တွင် ရန်ကုန်မြို့မှ ရခိုင်ဒေသသို့ မော်တော်ယာဥ်များဖြင့် စတင်ထွက်ခွာရာ လူမှု၀န်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးနှင့်အဖွဲ့မှ လိုက်ပါပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
လုံးဖောကျေးရွာ၊ အေးချမ်းသာကျေးရွာနှင့် ဖော့သုတ်ကျေးရွာတို့၌ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
================================================= Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ) =================================================== ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၅-၁၁-၂၀၁၇) ရက်နေ့တွင် လုံးဖောကျေးရွာ၌လည်းကောင်း၊ (၆-၁၁-၂၀၁၇) ရက်နေ့တွင် အေးချမ်းသာကျေးရွာ၌လည်းကောင်း၊ (၇-၁၁-၂၀၁၇) ရက်နေ့တွင် ဖော့သုတ်ကျေးရွာ၌လည်းကောင်း သဘာဝဘေးအသိပညာပေးဟောပြောပွဲများ ပြုလုပ်ခဲ့ပါသည်။ လုံးဖောကျေးရွာမှ တက်ရောက်သူ (၁၂၀) ဦးနှင့် အေးချမ်းသာကျေးရွာမှ တက်ရောက်သူ (၁၁၀) ဦးနှင့် ဖော့သုတ်ကျေးရွာမှ တက်ရောက်သူ (၉၀) ဦးရှိကြောင်း သိရှိရပါသည်။
-
ဒက္ခိဏသီရိမြို့နယ်၊ အ.လ.က ရွာသစ်စာသင်ကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
================================================= Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ) ================================================= ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၈-၁၁-၂၀၁၇) ရက်နေ့တွင် ဒက္ခိဏသီရိမြို့နယ်၊ အ.လ.က ရွာသစ်စာသင်ကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများက သဘာဝဘေးနှင့်ပတ်သတ်သည့် ရှောင်ရန်/ဆောင်ရန်များဟောပြောခြင်း၊ လက်ကမ်းစာစောင်နှင့် ဗီနိုင်းပိုစတာများဝေငှခြင်းနှင့် ဂိမ်းကစားခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ(၁၅၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
-
မိုင်းဖြတ်မြို့၊ ဟိုနားရက်ကွက် အထက ကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
================================================= Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ကဆရ) ================================================= မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၈-၁၁-၂၀၁၇) ရက်နေ့၊ နံနက်(၀၉း၃၀) နာရီအချိန်တွင် မိုင်းဖြတ်မြို့၊ ဟိုနားရက်ကွက် အထက ကျောင်း၌ ကျောင်းသား/သူ(၁၈၀) ဦးအား သဘာဝဘေးအကြောင်းသိကောင်းစရာများဟောပြောခြင်း၊ သရုပ်ပြခြင်း၊ လက်ကမ်းစာစောင်များနှင့် ပိုစတာများ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
-
UEHRD စီမံကိန်းလုပ်ငန်းများအတွက် အလှူငွေများပေးအပ်လှူဒါန်းမှုသတင်း
၈-၁၁-၂၀၁၇၊ နေပြည်တော် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထား ရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ၏ လုပ်ငန်းများဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ လှူဒါန်းငွေကျပ် သိန်း (၁၀၀) ကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ယနေ့ နက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လာရောက်လှူဒါန်းရာ UEHRD ဒုတိယဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ အမာမြို့၊ ဒေါ်ငြိမ်းကျေးရွာအုပ်စု၊ ခါးပြတ်ကျေးရွာ၌ (၆-၁၁-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ပြိုလဲနေအိမ် (၄) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ဆောက် စ္စည်းဖိုးငွေ (၄၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၈,၃၀၀) ကျပ်တို့အား (၈-၁၁-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သံဖြူဇရပ်မြို့နယ်၊ စက်စဲစံပြကျေးရွာ၊ စက်စဲ(အ.ထ.က)၌ ကျင်းပပြုလုပ်သည့် ကမ္ဘာ့ဆူနာမီအသိပညာပြန့်ပွားရေးနေ့အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားမှုသတင်း
================================================= Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) =================================================== ကမ္ဘာ့ဆူနာမီအသိပညာပြန့်ပွားရေးနေ့အထိမ်းအမှတ်အခမ်းအနားအား (၇-၁၁-၂၀၁၇) ရက်နေ့တွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ စက်စဲစံပြကျေးရွာ၊ စက်စဲ(အ.ထ.က)၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်ဦးစီးမှူး (ကဆရ)၊ ဦးသောင်းရွှေက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူး၊ ဦးသိန်မြင့်ဌေးက ဆူနာမီနှင့်ပတ်သက်သည့်အသိပညာများအား ဟောပြောဆွေးနွေးခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဝင်များ၊ ကျေးရွာသဘာဝဘေးစီမံခန့်ခွဲမှူကော်မတီဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျောင်းသားကျောင်းသူများ၊ စုစုပေါင်း ၃၀၀ ဦးခန့်တက်ရောက်ခဲ့ပါကြောင်း သိရှိရပါသည်။
-
ရန်ကုန်တိုင်းဒေသကြီး၊ အဖျောက်မြို့နယ်၊ ကျေးရွာများ ကမ်းပြိုမှုအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ကူညီမှုသတင်း
ဧရာဝတီမြစ်ရေတီမြစ်ရေတိုက်စား၍ ကမ်းပြိုမှုအန္တရာယ်ကြောင့် (၂၁.၁၀.၂၀၁၇)နေ့မှ (၆.၁၁.၂၀၁၇)နေ့ထိကာလအတွင်း ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ထားသည့် အုန်းပင်ကွင်း ကျေးရွာအုပ်စု၊ အေးရွာကျေးရွာမှ အိမ်ခြေ(၁၇)လုံး၊ အိမ်ထောင်စု(၁၇)စုမှ လူဦးရေ(၇၇) ဦး၊ ရေပေါ်သောင်ကျေးရွာအုပ်စု၊ မဲသောင်ကျေးရွာမှ အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၂)ဦးနှင့် အမှတ်(၄)ရပ်ကွက်၊ ပန်းတုန်းပိတ်ကျေးရွာမှ အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၃)ဦး၊ စုစုပေါင်း အိမ်ခြေ(၁၉)လုံး၊ အိမ်ထောင်စု(၁၉)စုမှ လူဦးရေ(၈၂)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၉၀၀၀၀၀ိ/-)၊ ဆန်ရိက္ခာ(၇)ရက်စာဖိုး (၁၇၂၂၀၀ိ/-) စုစုပေါင်းထောက်ပံ့ငွေ (၂၀၇၂၂၀၀ိ/-)၊ ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၁၉)အိမ်ထောင်စာနှင့် အဝတ်အစားများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေ ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး … Read more









