ရန်ကုန်တိုင်းဒေသကြီး၊ အဖျောက်မြို့နယ်၊ ကျေးရွာများ ကမ်းပြိုမှုအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ကူညီမှုသတင်း

8_pic01

8_pic02

8_pic03

8_pic04

8_pic05

8_pic06

8_pic07

8_pic08

8_pic09

8_pic10

8_pic11

8_pic12

8_pic13

8_pic14

8_pic15

8_pic16

8_pic17

8_pic18
ဧရာဝတီမြစ်ရေတီမြစ်ရေတိုက်စား၍ ကမ်းပြိုမှုအန္တရာယ်ကြောင့် (၂၁.၁၀.၂၀၁၇)နေ့မှ (၆.၁၁.၂၀၁၇)နေ့ထိကာလအတွင်း ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ထားသည့် အုန်းပင်ကွင်း ကျေးရွာအုပ်စု၊ အေးရွာကျေးရွာမှ အိမ်ခြေ(၁၇)လုံး၊ အိမ်ထောင်စု(၁၇)စုမှ လူဦးရေ(၇၇) ဦး၊ ရေပေါ်သောင်ကျေးရွာအုပ်စု၊ မဲသောင်ကျေးရွာမှ အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၂)ဦးနှင့် အမှတ်(၄)ရပ်ကွက်၊ ပန်းတုန်းပိတ်ကျေးရွာမှ အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၃)ဦး၊ စုစုပေါင်း အိမ်ခြေ(၁၉)လုံး၊ အိမ်ထောင်စု(၁၉)စုမှ လူဦးရေ(၈၂)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၉၀၀၀၀၀ိ/-)၊ ဆန်ရိက္ခာ(၇)ရက်စာဖိုး (၁၇၂၂၀၀ိ/-) စုစုပေါင်းထောက်ပံ့ငွေ (၂၀၇၂၂၀၀ိ/-)၊ ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၁၉)အိမ်ထောင်စာနှင့် အဝတ်အစားများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား‌ရေ ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးနှင့်အဖွဲ့သည် (၇.၁၁.၂၀၁၇)ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးခဲ့ပြီး အ.မ.က အေးရွာတွင် ကျောင်းသား/သူများ ပညာဆက်လက် သင်ကြား နိုင်ရေးအတွက် ယာယီစာသင်ကျောင်းအဖြစ် မိုးကာတဲအကြီး(၂)လုံးအား ဘုန်းကြီးကျောင်း မြေကွက်လပ်တွင် ထိုးပေးခဲ့ပြီး ကျောင်းသား/ကျောင်းသူများအတွက် စာရေးကိရိယာများ ထောက်ပံ့ပေးခဲ့ပါသည်။

အဆိုပါကျေးရွာများတွင် ၂၀၁၇၊ ဇူလိုင်လမှစတင်၍ ကမ်းပြိုမှုများဖြစ်ပွားခဲ့ရာ ယနေ့ အချိန်အထိ ရွှေ့ပြောင်းခဲ့သောနေအိမ် (၁၄၉)လုံးအတွက် ကူညီထောက်ပံ့မှုများ ဆောင်ရွက် ပေးပြီးဖြစ်ပါကြောင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီး ဌာနအနေဖြင့် မြန်မာနိုင်ငံတဝှမ်းဖြစ်ပွားလျက်ရှိသည့် ကမ်းပြိုမှုများကြောင့် ပြောင်းရွှေ့ ရသည့် ပြည်သူများအတွက် ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events