Category Archives: News
-
ကလေးစာပေပွဲတော်ကျင်းပသည့် ဂေါ့ ကွန်ပျူတာတက္ကသိုလ်၌ သဘာဝဘေးအန္တရာယ် ရှောင်ရန်၊ ဆောင်ရန် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးမှုသတင်း
================================================= Source: သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= (၁၀-၁၁-၂၀၁၇) ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ပ့ံပိုးကူညီမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သထုံမြို့နယ် စာကြည့်တိုက်များကွန်ယက်တို့ ပူးပေါင်းကျင်းပသော ကလေးစာပေပွဲတော် ကျင်းပရာ ဂေါ့ ကွန်ပျူတာတက္ကသိုလ် တွင် သဘာဝဘေးအန္တရာယ် ရှောင်ရန်၊ ဆောင်ရန် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
-
ပုဗ္ဗသီရိမြို့နယ် တပင်ရွှေထီးရပ်ကွက်အတွင်းသို့ ပြောင်းရွှေ့ခဲ့သည့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်း ဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူးနှင့် ဝန်ထမ်းများသည် ပုဗ္ဗသီရိမြို့နယ်၊ တပင်ရွှေထီးရပ်ကွက်သို့ ရွှေ့ပြောင်းသော အိမ်ထောင်စု (၅၉) စုအတွက် (၇) ပေသွပ် (၃၉၅၃) ချပ်၊ အိမ်ရိုက်သံ (၂၇၇.၃) ပိသာနှင့် သွပ်ရိုက်သံ (၁၈၂.၃၁) ပိသာတို့အား (၁၀-၁၁-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ)
-
ပေါင်မြို့နယ်၊ ဒရိန်းကျေးရွာနှင့် ကျားဘိုကျေးရွာများ၌ သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
================================================= Source: သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၉-၁၁-၂၀၁၇) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် ပေါင်မြို့နယ်၊ ဒရိန်းကျေးရွာ၌ လည်းကောင်း၊ (၁၄:၀၀) နာရီအချိန်တွင် ကျားဘိုကျေးရွာ၌လည်းကောင်း၊ ပေါင်မြို့နယ်သဘာဝဘေးစီမံခန့်ခွဲရေးကော်မတီအဖွဲ့များနှင့်ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ရာ တစ်ရွာလျှင်ပြည်သူ (၂၀၀) ဦးကျော်၊ စုစုပေါင်းပြည်သူ(၄၀၀) ဦးကျော် တက်ရောက်ခဲ့ပါသည်။ ၄င်းနောက်မီးငြိမ်းသတ်ခြင်းအား လက်တွေ့သရုပ်ပြသခြင်း၊ မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၉-၁၁-၂၀၁၇) ရက်နေ့တွင် ခမောက်ကြီးမြို့ အထက ကျောင်း၌ ကျောင်းသား/သူ (၂၀၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့် ဗီနိုင်း ပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး
-
ညောင်ဦးမြို့နယ်၊ ချောင်းရှည်အုပ်စု၊ အနောက်အုံကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================= Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= (၉-၁၁-၂၀၁၇) ရက်နေ့တွင် ညောင်ဦးမြို့နယ်၊ ချောင်းရှည်အုပ်စု၊ အနောက်အုံကျေးရွာ၌ မီးလောင်ကျွမ်းမှုကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၃) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၄) မျိုး (၃)အိမ်ထောင်စာ၊ လူဦးရေ (၁၅) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၃၁၅၀၀) ကျပ်၊ အိမ်ဆောက်ပစ္စ္စည်းတန်ဘိုး(၃၀၀၀၀၀) ကျပ်တို့ကို ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၉-၁၁-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဖွံ့ဖြိုးရေးမူဝါဒ ဆိုင်ရာ ဒုတိယဝန်ကြီး H.E. Mr. Martin BilleHermanအဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာ အီတလီနိုင်ငံ သံ အမတ်ကြီး H.E Mr.Pier Giorgio Aliberti တို့က သီးခြားစီလာရောက်တွေ့ဆုံမှုသတင်း
(၉-၁၁-၂၀၁၇) ရက်နေ့၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဖွံ့ဖြိုးရေးမူဝါဒဆိုင်ရာဒုတိယဝန်ကြီး H.E. Mr. Martin BilleHerman ဦးဆောင်သည့်အဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာ အီတလီနိုင်ငံသံအမတ်ကြီး H.E Mr.Pier Giorgio Aliberti တို့က အဆိုပါဝန်ကြီးရုံးမေခလာခန်းမတွင် ယနေ့မွန်းလွဲပိုင်းတွင် သီးခြားစီ လာရောက် တွေ့ဆုံပါသည်။ ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဖွံ့ဖြိုးရေးမူဝါဒဆိုင်ရာဒုတိယဝန်ကြီး H.E. Mr. Martin Bille Herman ဦးဆောင်သည့်အဖွဲ့နှင့်တွေ့ဆုံရာတွင် ဒိန်းမတ်နိုင်ငံအနေဖြင့် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက် ရေးကဏ္ဍတွင် မြန်မာနိုင်ငံသည် … Read more
-
UEHRD စီမံကိန်းလုပ်ငန်းများအတွက် အလှူငွေများပေးအပ်လှူဒါန်းမှုသတင်း
၉-၁၁-၂၀၁၇၊ နေပြည်တော် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချ ထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ၏ လုပ်ငန်းများဆောင်ရွက်ရန်အတွက် (၆-၁၁-၂၀၁၇) ရက်နေ့တွင် သီလဝါပြည်တွင်းစက်မှုဇုန်ကော်မတီနှင့် လုပ်ငန်းရှင်များကငွေကျပ် သိန်း (၂၀) ကိုလည်းကောင်း၊ (၉-၁၁-၂၀၁၇) ရက်နေ့တွင် Myanmar EducareCo.Ltd. International School of Myanmar (ISM) က ငွေကျပ် သိန်း (၁၀၀)ကိုလည်းကောင်း လာရောက်ပေးအပ်လှူဒါန်းရာ UEHRD ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး … Read more
-
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် တပင်ရွှေထီးရပ်ကွက်အတွင်းသို့ ပြောင်းရွှေ့ခဲ့သည့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
================================================= Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ) ================================================= ၂၀၁၇ ခုနှစ်၊ (၉-၁၁-၂၀၁၇) ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် တပင်ရွှေထီးရပ်ကွက်အတွင်းသို့ ပြောင်းရွှေ့ခဲ့သည့် အိမ်ထောင်စု (၅၉) စုအား လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန နေပြည်တော်ကောင်စီနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့မှ ထောက်ပ့ံမှုများ ပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးကိုကိုနိုင်က အိမ်ဆောက်ပစ္စည်းဖိုး (၅၉၀၀၀၀၀) ကျပ်၊ လူဦးရေ (၁၉၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၄၀၇၄၀၀) ကျပ်နှင့် … Read more
-
ပုသိမ်မြို့ပေါ်ရှိ အမှတ်(၇)ရပ်ကွက်၌ သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း
================================================= Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) ================================================= ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၁၁-၂၀၁၇) ရက်နေ့တွင် ပုသိမ်မြို့ပေါ်ရှိ အမှတ်(၇)ရပ်ကွက်၌ သဘာဝဘေးကြိုတင် ပြင်ဆင်ရေးလုပ်ငန်းစဉ်ဖြစ်သည့် သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲအား ကျင်းပခဲ့ရာ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးအဖွဲ့များနှင့်အတူ ပြည်သူလူထု (၁၀၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
-
ကျောက်ဖြူမြို့၊ မြစ်နားတန်းရပ်ကွက်၊ ကမ်းနားလမ်း မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================= Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= (၅-၁၁-၂၀၁၇) ရက်နေ့တွင် ကျောက်ဖြူမြို့၊ မြစ်နားတန်းရပ်ကွက်၊ ကမ်းနားလမ်း ဖြတ်လမ်း (၇) နှင့် ဖြတ်လမ်း(၈)တို့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လုံးဝပျက်စီးအိမ် ခြေ (၁၆) လုံးမှ (၁၆) အိမ်ထောင်စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုးနှင့် ဆော်ဒီစောင်(၁၆)ထည်တို့အား (၅-၁၁-၂၀၁၇)ရက်နေ့တွင်လည်းကောင်း၊ လုံးဝပျက်စီးအိမ်ထောင်စု(၁၆)စုမှ လူဦးရေ(၇၀)ဦးနှင့် လူနေထိုင်သည့်ငါး/ပုဇွန်ဒိုင်(၂)ခုမှ လူဦးရေ(၆)ဦး စုစုုပေါင်းလူဦးရေ (၇၆) ဦးအတွက် ဆန်ရိက္ခာဖိုး(၁၅၉၆၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ လုံးဝပျက်စီးအိမ်ခြေ (၁၆) လုံးအတွက်(၂၁၀၀၀၀၀) ကျပ်နှင့် မီးဘေးတားကြိုတင်ဖျက်သိမ်းအိမ်ခြေ (၆) … Read more









