ပေါင်မြို့နယ်၊ ဒရိန်းကျေးရွာနှင့် ကျားဘိုကျေးရွာများ၌ သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

10_pic01

10_pic02

 

 

10_pic03

=================================================
Source: သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
=================================================

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၉-၁၁-၂၀၁၇) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် ပေါင်မြို့နယ်၊ ဒရိန်းကျေးရွာ၌ လည်းကောင်း၊ (၁၄:၀၀) နာရီအချိန်တွင် ကျားဘိုကျေးရွာ၌လည်းကောင်း၊ ပေါင်မြို့နယ်သဘာဝဘေးစီမံခန့်ခွဲရေးကော်မတီအဖွဲ့များနှင့်ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ရာ တစ်ရွာလျှင်ပြည်သူ (၂၀၀) ဦးကျော်၊ စုစုပေါင်းပြည်သူ(၄၀၀) ဦးကျော် တက်ရောက်ခဲ့ပါသည်။ ၄င်းနောက်မီးငြိမ်းသတ်ခြင်းအား လက်တွေ့သရုပ်ပြသခြင်း၊ မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေး၊ မိုကြိုးဘေးအသိပညာပေးလက်ကမ်းစာစောင်များ၊ ပိုစတာများနှင့် ဗီနိုင်းများ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events