ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဖွံ့ဖြိုးရေးမူဝါဒ ဆိုင်ရာ ဒုတိယဝန်ကြီး H.E. Mr. Martin BilleHermanအဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာ အီတလီနိုင်ငံ သံ အမတ်ကြီး H.E Mr.Pier Giorgio Aliberti တို့က သီးခြားစီလာရောက်တွေ့ဆုံမှုသတင်း

(၉-၁၁-၂၀၁၇) ရက်နေ့၊ နေပြည်တော်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဖွံ့ဖြိုးရေးမူဝါဒဆိုင်ရာဒုတိယဝန်ကြီး H.E. Mr. Martin BilleHerman ဦးဆောင်သည့်အဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာ အီတလီနိုင်ငံသံအမတ်ကြီး H.E Mr.Pier Giorgio Aliberti တို့က အဆိုပါဝန်ကြီးရုံးမေခလာခန်းမတွင် ယနေ့မွန်းလွဲပိုင်းတွင် သီးခြားစီ လာရောက် တွေ့ဆုံပါသည်။

ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဖွံ့ဖြိုးရေးမူဝါဒဆိုင်ရာဒုတိယဝန်ကြီး H.E. Mr. Martin Bille Herman ဦးဆောင်သည့်အဖွဲ့နှင့်တွေ့ဆုံရာတွင် ဒိန်းမတ်နိုင်ငံအနေဖြင့် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက် ရေးကဏ္ဍတွင် မြန်မာနိုင်ငံသည် ဦးစားပေးနိုင်ငံတစ်ခုဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက် နေသော လူသားချင်းစာနာကူညီမှုလုပ်ငန်းများ တိုးမြှင့်ရေးကိစ္စ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များအား အကောင်အထည်ဖေါ်နေမှုများ၊ ရေတိုရေရှည်ဆောင်ရွက်ရမည့် ပြန်လည်နေရာချထား ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ဆွေးနွေးမေးမြန်းခဲ့ပြီး ပြည်ထောင်စုဝန်ကြီးမှ ဝန်ကြီးဌာနမှ အဓိကတာဝန်ယူဆောင်ရွက်နေသော ရခိုင်ပြည်နယ်ဆိုင်ရာ လူသားချင်းစာနာကူညီမှု၊ နေရပ်စွန့်ခွာရွှေ့ပြောင်း သူများ ပြန်လည်နေရာချထားရေး၊ ပြန်လည်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းကိစ္စရပ်များ၊ ဒီမိုကရေစီ နည်းလမ်းတကျ တင်မြှောက်ထားသောအစိုးရအနေဖြင့် နိုင်ငံတော်နှင့်ပြည်သူလူထုအတွက် ငြိမ်းချမ်း ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းဆောင်ရွက်မှုများ၊ RedCross Movement, WFP, ASEAN နှင့် မိတ်ဖက် နိုင်ငံများမှ လူသားချင်းစာနာမှုအကူအညီများထောက်ပံ့နေသည့်ကိစ္စများ၊ ရခိုင်ပြည်နယ် အကြံပေး ကော်မရှင် ၏ အကြံပြုချက်များအားလက်တွေ့အကောင်အထည်ဖေါ်နေမှုများ၊ UEHRD ထူထောင်၍ ပြည်သူများ၏ အင်အားဖြင့်ဆောင်ရွက်မည့်လုပ်ငန်းများ၊ စေတနာ့ဝန်ထမ်းလူငယ်ထု၏ ပူးပေါင်းပါဝင်မှုဖြင့် လူသားချင်း စာနာမှုအကူအညီဆိုင်ရာ ထောက်ပံ့ရေးလုပ်ငန်းများဆောင်ရွက်နေမှုများ၊ နိုင်ငံသားစိစစ်ရေး လုပ်ငန်းများ အရှိန်မြှင့်တင်ဆောင်ရွက်နေသည့်ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်၏လုံခြုံရေးတိုးမြှင့်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနက ရဲဝန်ထမ်းအင်အားတိုးမြှင့်ဆောင်ရွက်မည့်အစီအစဉ်များ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် အတွက် မူဝါဒများချမှတ်၍ အသက်မွေးဝမ်းကျောင်း သင်တန်းများဖွင့်လှစ်ပေးမည့်အစီအစဉ်နှင့် အလုပ်အကိုင် အခွင့်အလမ်းတိုးတက်စေရန်ဆောင်ရွက်မည့်ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာအီတလီနိုင်ငံသံအမတ်ကြီးH.E Mr.Pier Giorgio Aliberti နှင့် တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်အတွက် ကြိုးပမ်းဆောင်ရွက်နေသော အစိုးရ၏လုပ်ငန်းများအားသိရှိပြီး အီတလီ နိုင်ငံအနေဖြင့် ကူညီနိုင်မည့်နည်းလမ်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ အကူအညီများပေးနိုင်မည့်ကိစ္စရပ် များအားမေးမြန်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးမှ ပြည်သူများ၏ အင်အား၊ မိတ်ဆွေအဖွဲ့အစည်းများနှင့် မိတ်ဆွေနိုင်ငံများ၏ စုပေါင်းအင်အားဖြင့် အကောင်အထည် ဖေါ်မည့် UEHRD ၏လုပ်ငန်းများ၊ မူဝါဒများ လုပ်ငန်းစဉ်များချမှတ်၍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုများ၊ နိုင်ငံတွင်းပြန်လည်ဝင်ရောက်လိုသူ များအတွက် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက်များချမှတ်နိုင်ရန် ဆွေးနွေးနေသည့် ကိစ္စများ၊ ကျေးရွာနှင့် အဆောက်အဦများ စနစ်တကျပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန်အတွက် အကောင်အထည်ဖေါ်ဆောင်ရွက်မည့်ကိစ္စရပ်များ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events