၉-၁၁-၂၀၁၇၊ နေပြည်တော်
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချ ထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ၏ လုပ်ငန်းများဆောင်ရွက်ရန်အတွက် (၆-၁၁-၂၀၁၇) ရက်နေ့တွင် သီလဝါပြည်တွင်းစက်မှုဇုန်ကော်မတီနှင့် လုပ်ငန်းရှင်များကငွေကျပ် သိန်း (၂၀) ကိုလည်းကောင်း၊ (၉-၁၁-၂၀၁၇) ရက်နေ့တွင် Myanmar EducareCo.Ltd. International School of Myanmar (ISM) က ငွေကျပ် သိန်း (၁၀၀)ကိုလည်းကောင်း လာရောက်ပေးအပ်လှူဒါန်းရာ UEHRD ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။