Category Archives: News
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၁-၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းတွင် ကော့သောင်းမြို့၊ ဘန်းကချွန်ကျေးရွာ၊ စိုင်ဒင်း အထကခွဲကျောင်း တွင် ကျောင်းသူ/သားဦးရေ (၃၁၀) ဦး အားလည်းကောင်း ညနေပိုင်းတွင် အေးမြကန်သာရပ်ကွက် အိမ်တွင်းမှုအပ်ချုပ်သင်တန်းကျောင်းတွင် သင်တန်းသား (၆၈) ဦးတို့အား သဘာဝဘေးအသိပညာပေး ဟောပြောဆွေးနွေးခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များနှင့် နံရံကပ်ဗီနိုင်းဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
-
သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်းကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉.၁၁.၂၀၁၇)ရက်နေ့ နှင့် (၁၀.၁၁.၂၀၁၇) ရက်နေ့များတွင် ဖယ်ခုံမြို့နယ် ထွေ/အုပ်အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့် သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်ခဲ့ရာ သင်တန်းသား (၅၀)ဦးတက်ရောက်ခဲ့ပြီး သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာများ သင်ကြားပို့ချခြင်း၊ အုပ်စုဖွဲ့ဆွေးနွေးခြင်းနှင့် အပြန်အလှန်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင်နှင့် JICA Myanmar Officeမှ တာဝန်ရှိသူများ ရခိုင်ပြည်နယ်မြောက်ပိုင်းဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင် အား JICA Myanmar Office မှ Senior Representative ဖြစ်သူ Mr. Jun YAMAZAKI ဦးဆောင်သောအဖွဲ့က (၁၀.၁၁.၂၀၁၇)ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ ယင်းသို့တွေ့ဆုံရာတွင် JICAနှင့်ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနတို့နှင့်ပူးပေါင်း၍ ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေသည့်လုပ်ငန်းများ၏ တိုးတက် မှုများ၊ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏အကြံပြုချက်များအကောင် အထည်ဖော်ရာတွင် ဦးစားပေးအစီအစဉ်နှင့် လုပ်ငန်းဒေသသတ်မှတ်မည့်ကိစ္စများဆွေးနွေး မေးမြန်းရာ ဒုတိယဝန်ကြီး က ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ ၏ … Read more
-
UEHRD ၏လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား မြန်မာနိုင်ငံဆိုင်ရာ ဆွီဒင်သံရုံး(ရုံးခွဲ)မှ Minister Counsellor ဖြစ်သူ Mr. Johan Hallenborg မှ လာရောက်တွေ့ဆုံမှုသတင်း
၁၀.၁၁.၂၀၁၇၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာဆွီဒင်သံရုံးမှMinister Counsellor ဖြစ်သူ Mr. Johan Hallenborg က ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံးမေခလာခန်းမ၌ လာရောက်တွေ့ဆုံ ခဲ့ပါသည်။ ယင်းသို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ပြန်လည်နေရာချထားရေး၊ ပြန်လည် ထူထောင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများအတွက် ဖွဲ့စည်းထားသည့် UEHRD နှင့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ်အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီတို့ အကြား မည်သို့ဆက်စပ်မှုရှိသည်ကို သိလိုပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ကြိုးပမ်းမှုများကို နားလည်ပြီး ဆွီဒင်နိုင်ငံအနေဖြင့် ကူညီပူးပေါင်းဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေသော နိုင်ငံတကာအဖွဲ့အစည်းများနှင့် ညှိနှိုင်းလျက်ရှိပြီး ရေတိုရေရှည်စီမံကိန်းများ ဖြင့် … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၉-၁၁-၂၀၁၇) ရက်နေ့၊ ပေါင်မြို့နယ်၊ ထန်းပင်ချောင်ကြီးကျေးရွာအုပ်စု၊ သာယာကုန်ရပ်၌ မီးဘေးသင့်မှုဖြစ်ပွားခဲ့ရာ မီးဘေးသင့်ခဲ့သော အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ Family Kit (၁) ထုပ်၊ ရေပုံးအဖုံးပါ (၂) ပုံး၊ အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀) ကျပ်နှင့် လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာဖိုးငွေ (၁၀၅၀၀) ကျပ်တို့အား (၁၀-၁၁-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။ Source: … Read more
-
ပုသိမ်ကြီးမြို့နယ်၊ ကြံခင်းကျေးရွာနှင့် သံဘိုကျွန်းကျေးရွာတို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
================================================= Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) ================================================= ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးသည် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို (၁၀-၁၁-၂၀၁၇) ရက်နေ့တွင် ပုသိမ်ကြီးမြို့နယ်၊ ကြံခင်းကျေးရွာ၌ ကျေးရွာသူ/သား လူဦးရေ (၁၅၀) ဦးဖြင့်လည်းကောင်း၊ ပုသိမ်ကြီးမြို့နယ်၊ သံဘိုကျွန်းကျေးရွာ၌ ကျေးရွာသူ/သား လူဦးရေ (၂၀၀) ဦးဖြင့် လည်းကောင်း ဟောပြောပွဲများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၁-၂၀၁၇) နေ့၊ (၁၀၀၀) နာရီအချိန်၌ ကျိုက်မရောမြို့နယ်၊ ဘိန်းဗျောကျေးရွာရှိ ပြည်သူ (၂၀၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များနှင့် နံရံကပ် ဗီနိုင်းဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
မိုင်းပျဉ်းမြို့နယ်၊ မီးသတ်ဦးစီးဌာန၌ မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်မှုသတင်း
================================================= Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ)မှ တာဝန်ရှိသူများသည် မိုင်းပျဉ်းမြို့နယ်၊ မီးသတ်ဦးစီးဌာန၌ မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းအား (၈/၉-၁၁-၂၀၁၇) ရက်နေ့များတွင် သင်တန်းသား (၅၀) ဦးဖြင့်ဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်ဖြစ်သည့် သဘာဝဘေးအန္တရာယ်အသိပညာပေး ဟောပြောပွဲအား (၁၀-၁၁-၂၀၁၇) ရက်နေ့ တွင် ပုသိမ်မြို့ရှိ အထက(ခွဲ) ဘုရားကြီးကုန်း၌ ပြုလုပ်ခဲ့ရာ တိုင်း ဒေသကြီး ပညာရေးမှူရုံးမှ ဆရာမများအပါအဝင် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၃၅၀) ဦး တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
ကမ်းပြိုဘေးထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ညောင်ဇောက်ကျေးရွာ အုပ်စု၊ ကျောမကြားကျေးရွာ၊ မီးလောင်ကျွန်းကျေးရွာအုပ်စု၊ ပေါက်တောကျွန်းကျေးရွာများတွင် (၈-၁၁-၂၀၁၇) ရက်နေ့၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့အိမ်ခြေ (၈) လုံး၊ အိမ်ထောင်စု (၈) စု လူဦးရေ (၅၂) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၈၀၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး (၁၀၉,၂၀၀)၊ စုစုပေါင်းထောက်ပံ့ငွေ (၉၀၉,၂၀၀) ကျပ်တို့အား ရေစကြို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၌ … Read more









