
၁၀.၁၁.၂၀၁၇၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာဆွီဒင်သံရုံးမှMinister Counsellor ဖြစ်သူ Mr. Johan Hallenborg က ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံးမေခလာခန်းမ၌ လာရောက်တွေ့ဆုံ ခဲ့ပါသည်။
ယင်းသို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ပြန်လည်နေရာချထားရေး၊ ပြန်လည် ထူထောင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများအတွက် ဖွဲ့စည်းထားသည့် UEHRD နှင့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ်အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီတို့ အကြား မည်သို့ဆက်စပ်မှုရှိသည်ကို သိလိုပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ကြိုးပမ်းမှုများကို နားလည်ပြီး ဆွီဒင်နိုင်ငံအနေဖြင့် ကူညီပူးပေါင်းဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေသော နိုင်ငံတကာအဖွဲ့အစည်းများနှင့် ညှိနှိုင်းလျက်ရှိပြီး ရေတိုရေရှည်စီမံကိန်းများ ဖြင့် မြန်မာနိုင်ငံအားကူညီပေးလိုကြောင်းပြောကြားပြီး နိုင်ငံတွင်းပြန်လည်ဝင်ရောက်လိုသူများ အတွက် ကျန်းမာရေးစောင့်ရှောက်မှုကိစ္စရပ်များ၊ UEHRD၏လုပ်ငန်းများနှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏အကြံပြုချက်များအကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏လုပ်ငန်းများအားဆွေးနွေးမေးမြန်းပြီးပြည်ထောင်စုဝန်ကြီးကရခိုင်ပြည်နယ်ရှိအရေးကိစ္စများကိုစနစ်တကျကိုင်တွယ်ဖြေရှင်းရန်ရည်ရွယ်၍နိုင်ငံတော်အစိုးရမှဆောင်ရွက်နေသောသက်ဆိုင်ရာကော်မတီများ၏လုပ်ငန်းများ၊ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏အကြံပြုချက်များအားအကောင်အထည်ဖော်နေသည့်ကိစ္စများ၊ လူသားချင်းစာနာထောက်ထားသောအကူအညီများကူညီရေးလုပ်ငန်းများ၊ ပြန်လည်နေရာချထားရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအားအရှိန်အဟုန်မြှင့်တင်၍ ဆောင်ရွက်နေသော UEHRD၏လုပ်ငန်းများ၊ လူငယ်မူဝါဒ ရေးဆွဲအတည်ပြုပြီး အဆိုပါမူဝါဒအား စတင်အကောင် အထည်ဖော်သည့်အနေဖြင့် စေတနာ့ဝန်ထမ်းလူငယ်များ၏ အကူအညီဖြင့် ရခိုင်ပြည်နယ်တွင် ပဋိပက္ခဒါဏ်ခံရသူများအားလူသားချင်းစာနာမှုအကူအညီအထောက်အပံ့များ ဖြန့်ဝေမှုစတင်နေ သည့်လုပ်ငန်းများ၊ နိုင်ငံတွင်းပြန်လည်ဝင်ရောက်လိုသူများအား လက်ခံရန်အတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့်မြန်မာနိုင်ငံသဘောတူညီမှုများချမှတ်နိုင်ရေးဆွေးနွေးနေသည့်ကိစ္စများ၊ ပြန်လည်နေရာချ ထားရေးအတွက် ပြဌာန်းထားသောတည်ဆဲဥပဒေများနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေ အရပိုမိုကောင်းမွန်သောလူနေမှုဘဝတည်ဆောက်မည့်ကိစ္စများ၊ စီးပွားရေးလုပ်ငန်းရှင်အသင်းများ ပေါင်းစည်း၍ အဆိုပါဒေသ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ကူညီနေသည့်ကိစ္စများကို ဆွေးနွေးခဲ့ ကြောင်းသတင်းရရှိပါသည်။