ကမ်းပြိုဘေးထောက်ပံ့ပေးမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည် ရေစကြိုမြို့နယ်၊ ညောင်ဇောက်ကျေးရွာ အုပ်စု၊ ကျောမကြားကျေးရွာ၊ မီးလောင်ကျွန်းကျေးရွာအုပ်စု၊ ပေါက်တောကျွန်းကျေးရွာများတွင် (၈-၁၁-၂၀၁၇) ရက်နေ့၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့အိမ်ခြေ (၈) လုံး၊ အိမ်ထောင်စု (၈) စု လူဦးရေ (၅၂) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၈၀၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး (၁၀၉,၂၀၀)၊ စုစုပေါင်းထောက်ပံ့ငွေ (၉၀၉,၂၀၀) ကျပ်တို့အား ရေစကြို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၌ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် (၁၀-၁၁-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:       ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events