လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင်နှင့် JICA Myanmar Officeမှ တာဝန်ရှိသူများ ရခိုင်ပြည်နယ်မြောက်ပိုင်းဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေးမှုသတင်း

11 Pic 02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင် အား JICA Myanmar Office မှ Senior Representative ဖြစ်သူ Mr. Jun YAMAZAKI ဦးဆောင်သောအဖွဲ့က (၁၀.၁၁.၂၀၁၇)ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
ယင်းသို့တွေ့ဆုံရာတွင် JICAနှင့်ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနတို့နှင့်ပူးပေါင်း၍ ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေသည့်လုပ်ငန်းများ၏ တိုးတက် မှုများ၊ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏အကြံပြုချက်များအကောင် အထည်ဖော်ရာတွင် ဦးစားပေးအစီအစဉ်နှင့် လုပ်ငန်းဒေသသတ်မှတ်မည့်ကိစ္စများဆွေးနွေး မေးမြန်းရာ ဒုတိယဝန်ကြီး က ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ ၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ ယင်းသို့ဆောင်ရွက်ရာတွင် လက်ငင်းဆောင်ရွက်ရမည့်ကိစ္စများ၊ ရေတိုရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်မည့်ကိစ္စများသတ်မှတ်၍ ဆောင်ရွက်နေမှုများ၊ UEHRD ပြည်ထောင်စုစီမံကိန်း၏ လုပ်ငန်းဆောင်ရွက်မှုများ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိကလုပ်ငန်းအဖွဲ့ (၉)ဖွဲ့ ပူးပေါင်း၍ ဆောင်ရွက်မည့် ကိစ္စများ၊ ဒေသတွင်းလမ်းပန်းဆက်သွယ်ရေးနှင့်လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးနိုင်ရန် စီမံကိန်းများ ချမှတ်ဆောင်ရွက်နေမှုများနှင့် JICA အနေဖြင့် ပါဝင်ကူညီနိုင်မည့်နည်းလမ်းများကို အကြံပြု ဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events