မီးဘေးထောက်ပံ့မှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၉-၁၁-၂၀၁၇) ရက်နေ့၊ ပေါင်မြို့နယ်၊ ထန်းပင်ချောင်ကြီးကျေးရွာအုပ်စု၊ သာယာကုန်ရပ်၌ မီးဘေးသင့်မှုဖြစ်ပွားခဲ့ရာ မီးဘေးသင့်ခဲ့သော အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ Family Kit (၁) ထုပ်၊ ရေပုံးအဖုံးပါ (၂) ပုံး၊ အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀) ကျပ်နှင့် လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာဖိုးငွေ (၁၀၅၀၀) ကျပ်တို့အား (၁၀-၁၁-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။

Source: သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events