Category Archives: News
-
သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ကဆရ)မှတာဝန်ရှိသူများသည် (၂၈-၁၁-၂၀၁၇)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မိုင်းဖြတ်မြို့နယ်၊ ဝမ်လုံးကျေးရွာအုပ်စုတွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ကျေးရွာသူ/သား စုစုပေါင်း (၁၀၀)ဦးခန့်တက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဗွီနိုင်းများဖြန့်ဝေခဲ့ကြောင်းသတင်းရရှိပါသည်။Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ကဆရ)
-
ရပ်ရွာလူထုအခြေပြုဘေးအန္တရာယ်ကြောင့်ဆုံးရံှူးနိုင်ခြေစီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်မှုသတင်း
မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)မှတာဝန်ရှိသူများနှင့် UN Volunteers အဖွဲ့အစည်းတို့ပူးပေါင်း၍ ရပ်ရွာလူထုအခြေပြုဘေးအန္တရာယ်ကြောင့်ဆုံးရံှူးနိုင်ခြေစီမံခန့်ခွဲမှုသင်တန်းဖွင့်ပွဲအခမ်းအနားကို (၂၈-၁၁-၂၀၁၇)ရက်နေ့၊ နံနက်(၉း၀၀)နာရီအချိန်တွင် မြောက်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်ဦးစီးမှူးတို့မှအဖွင့်အမှာစကားပြောကြားခဲ့ပြီး ဌာနဆိုင်ရာဝန်ထမ်း (၂၀)ဦးနှင့် သင်တန်းသား/သူ (၄၅)ဦးတက်ရောက် ခဲ့ပါသည်။ သင်တန်းကာလမှာ (၂၈-၁၁-၂၀၁၇)ရက်နေ့မှ (၂-၁၂-၂၀၁၇)ရက်နေ့ထိ (၅)ရက်ကြာဖွင့်လှစ်သွားမည် ဖြစ်ကြောင်းသတင်းရရှိပါသည်။Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သစ်ပင်ပိ၍ပြိုလဲသွားသောအိမ်ထောင်စုများအတွက်ထောက်ပံ့မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ကဆရ)မှ တိုင်းဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဇေယျာသီရိမြို့နယ်၊ တဲကုန်းကျေးရွာနှင့် သစ်တပ်ကလေးကျေးရွာသို့ သစ်ပင်ပိ၍ပြိုလဲသွားသော အိမ်ထောင်စု (၂)စုစာအတွက် ထောက်ပံ့ငွေ (၄၁၈,၉၀၀ိ/)ကျပ်အား (၂၇-၁၁-၂၀၁၇)ရက်နေ့တွင် ဘေးသင့်ပြည်သူများထံ ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သတင်းရရှိ ပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ)
-
ဓနုဖြူမြို ့နယ်၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ ရေလဲကြီးကျေးရွာ ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့ခဲ့သည့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
================================================= Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို ့နယ်၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ ရေလဲကြီးကျေးရွာ၌ (၂၃-၁၁-၂၀၁၇) ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ဖျက်သိမ်းပြောင်းရွှေ့ ခဲ့သည့် နေအိမ်(၅)လုံး၊ အိမ်ထောင်စု(၅)စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ (၅ဝဝဝဝဝ) ကျပ် စုစုပေါင်းလူဦးရေ (၂၃) ဦးစာအတွက် (၄၈၃၀၀) ကျပ် စုစုပေါင်းရန်ပုံငွေ (၅၄၈၃၀၀)ကျပ်(ကျပ်ငါးသိန်းလေးသောင်းရှစ်ထောင့့်သုံးရာတိတိ)အား (၂၇-၁၁-၂၀၁၇) ရက်နေ့တွင် မအူပင်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက ဓနုဖြူမြို ့နယ်၊ ထွေ/အုပ်ဦးစီးဌာနမှ … Read more
-
ညောင်တုန်းမြို့နယ်၊ ချောင်းကြီးကျေးရွာအုပ်စု၊ ချောင်းကြီးကျေးရွာ ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့ခဲ့သည့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
================================================= Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ချောင်းကြီးကျေးရွာအုပ်စု၊ ချောင်းကြီးကျေးရွာ၌ (၂၅-၁၁-၂၀၁၇) ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ဖျက်သိမ်းပြောင်းရွှေ့ ခဲ့သည့် နေအိမ် (၃) လုံး အိမ်ထောင်စု (၃) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ (၃ဝဝဝဝဝ) ကျပ် စုစုပေါင်းလူဦးရေ (၉) ဦးစာအတွက် ဆန်ရိက္ခာရန်န်ပုံငွေ (၁၈၉၀၀) ကျပ် စုစုပေါင်းရန်ပုံငွေ (၃၁၈၉၀၀)ကျပ်(ကျပ်သုံးသိန်းတစ်သောင်းရှစ်ထောင့်ကိုးရာတိတိ) အား (၂၇-၁၁-၂၀၁၇) ရက်နေ့တွင် မအူပင်ခရိုင်ဦးစီးမှူးရုံး (ကဆရ) … Read more
-
ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ် ခြင်း၊ မိုးသီးကြွေကျခြင်းတို့ကြောင့် ဘေးဒုက္ခကြုံတွေ့ခဲ့ရသော ပြည်သူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကူညီထောက်ပံ့မှုများ ဆောင်ရွက်လျက်ရှိခြင်း
================================================= ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့နယ်၊ တောင်ကျကျေးရွာနှင့် သပြေကုန်းကျေးရွာ တို့တွင် (၂၄-၁၁-၂၀၁၇)ရက်နေ့၌ မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ(၃၆)လုံးခန့် ခေါင်မိုးလန်ခြင်း၊ သစ်ပင်ပိခြင်းတို့ဖြစ်ပွားခဲ့ရာ ဘေးသင့်အိမ်ထောင်စု များသို့ ကယ်ဆယ်ရေးပစ္စည်းများနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် (၂,၇၅၀,၀၀၀ိ/-) အား (၂၇-၁၁-၂၀၁၇) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ထောက်ပံ့ပေးခဲ့ပါသည်။ ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ခုံသာကျေးရွာနှင့် ရွာသာကျေးရွာတို့တွင် (၂၄-၁၁-၂၀၁၇) ရက်နေ့၌ မိုးသီးကြွေကျပြီး လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ (၁၀)လုံး ထိခိုက်ပျက်စီးခဲ့ပြီး အိမ်ထောင်စု(၁၀)စုမှ လူဦးရေ(၄၉)ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ရာ … Read more
-
ရခိုင််ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ၊ လွှတ်တော်နှင့် ပြည်သူပူးပေါင်းဆောင်ရွက်ရေး ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ဆွေးနွေး
================================================= ၂၇-၁၁-၂၀၁၇၊ စစ်တွေ ================================================= ရခိုင်ပြည်နယ် ဒေသတွင်းပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း ကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ဦးညီပု၊ ဒုတိယဝန်ကြီးဦးစိုးအောင်နှင့် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးခန်းမ၌ (၂၇-၁၁-၂၀၁၇) ရက်နေ့၊ နေ့လည်ပိုင်းတွင် ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များအား တွေ့ဆုံ၍ ရခိုင်ပြည်နယ်အတွင်း လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လုပ်ဆောင်နေမှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ရှေးဦးစွာ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဌက မိတ်ဆက်အဖွင့်အမှာစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီး ကပြောကြားရာတွင် အစိုးရအသစ် စတင်တာဝန်ယူ … Read more
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့ နယ်၊ ခြင်ဘို့အုပ်စု၊ ကျောက်ရဲနှင့် သဲရိုးကျေးရွာတို့တွင် (၂၁-၁၁-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြို ဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ (၃၁) လုံး၊ လူဦးရေ (၁၃၁) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ ဆန်ရိက္ခာဖိုးငွေ (၂၇၅,၁၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃,၁၀၀,၀၀၀) ကျပ်တို့အား (၂၇-၁၁-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်း ဖွင့်လှစ်မှုသတင်း
================================================= Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ကော့ကရိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ (၂၇-၁၁-၂၀၁၇) ရက်နေ့မှ (၂၉-၁၁-၂၀၁၇) ရက်နေ့ထိ ဖွင့်လှစ်မည့် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းအား (၂၇-၁၁-၂၀၁၇) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ရာ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ သင်တန်းသား သင်တန်းသူ (၃၀) ဦးအပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူ စုစုပေါင်းလူဦးရေ (၈၀) ဦး တက်ရောက်ခဲ့့ပါသည်။ ထို့နောက် ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက ကော့ကရိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများထံ မီးဘေး၊ ရေဘေး၊ ငလျင်ဘေး၊ မုန်တိုင်းဘေး၊ … Read more
-
အ.ထ.က လောင်းလုံးမြို့၌ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး တာဝန်ရှိသူများ သည် (၂၇-၁၁-၂၀၁၇) ရက်နေ့တွင် အ.ထ.က လောင်းလုံးမြို့၌ ကျောင်းသား/ကျောင်းသူ အင်အား (၃၀၀) ကျော်အား သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ ဗလာစာအုပ်နှင့် ဘောပင်များဝေငှခြင်း၊ လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)









