=================================================
Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
=================================================
ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ကော့ကရိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ (၂၇-၁၁-၂၀၁၇) ရက်နေ့မှ (၂၉-၁၁-၂၀၁၇) ရက်နေ့ထိ ဖွင့်လှစ်မည့် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းအား (၂၇-၁၁-၂၀၁၇) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ရာ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ သင်တန်းသား သင်တန်းသူ (၃၀) ဦးအပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူ စုစုပေါင်းလူဦးရေ (၈၀) ဦး တက်ရောက်ခဲ့့ပါသည်။ ထို့နောက် ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက ကော့ကရိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများထံ မီးဘေး၊ ရေဘေး၊ ငလျင်ဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေး ဗီနိုင်းပိုစတာများအား ပေးအပ်ခဲ့ပြီး သင်တန်းသား/သူများထံ ဆေးစိမ်ခြင်ထောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။