ညောင်တုန်းမြို့နယ်၊ ချောင်းကြီးကျေးရွာအုပ်စု၊ ချောင်းကြီးကျေးရွာ ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့ခဲ့သည့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

28_pic01

=================================================
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
=================================================

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ချောင်းကြီးကျေးရွာအုပ်စု၊ ချောင်းကြီးကျေးရွာ၌ (၂၅-၁၁-၂၀၁၇) ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ဖျက်သိမ်းပြောင်းရွှေ့ ခဲ့သည့် နေအိမ် (၃) လုံး အိမ်ထောင်စု (၃) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ (၃ဝဝဝဝဝ) ကျပ် စုစုပေါင်းလူဦးရေ (၉) ဦးစာအတွက် ဆန်ရိက္ခာရန်န်ပုံငွေ (၁၈၉၀၀) ကျပ် စုစုပေါင်းရန်ပုံငွေ (၃၁၈၉၀၀)ကျပ်(ကျပ်သုံးသိန်းတစ်သောင်းရှစ်ထောင့်ကိုးရာတိတိ) အား (၂၇-၁၁-၂၀၁၇) ရက်နေ့တွင် မအူပင်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက ညောင်တုန်းမြို့နယ်၊ ထွေ/အုပ်ဦးစီးဌာန၌ တာဝန်ရှိသူများနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events