=================================================
ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့နယ်၊ တောင်ကျကျေးရွာနှင့် သပြေကုန်းကျေးရွာ တို့တွင် (၂၄-၁၁-၂၀၁၇)ရက်နေ့၌ မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ(၃၆)လုံးခန့် ခေါင်မိုးလန်ခြင်း၊ သစ်ပင်ပိခြင်းတို့ဖြစ်ပွားခဲ့ရာ ဘေးသင့်အိမ်ထောင်စု များသို့ ကယ်ဆယ်ရေးပစ္စည်းများနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် (၂,၇၅၀,၀၀၀ိ/-) အား (၂၇-၁၁-၂၀၁၇) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ထောက်ပံ့ပေးခဲ့ပါသည်။
ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ခုံသာကျေးရွာနှင့် ရွာသာကျေးရွာတို့တွင် (၂၄-၁၁-၂၀၁၇) ရက်နေ့၌ မိုးသီးကြွေကျပြီး လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ (၁၀)လုံး ထိခိုက်ပျက်စီးခဲ့ပြီး အိမ်ထောင်စု(၁၀)စုမှ လူဦးရေ(၄၉)ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ရာ ကယ်ဆယ်ရေးပစ္စည်းများနှင့် ဆန်ရိက္ခာဖိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုးစုစုပေါင်း (၅၂၂,၉၀၀ိ/-) ကို ထောက်ပံ့ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။