Category Archives: News
-
UEHRD လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နိုင်ရေး အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (International Comittee of the Red Cross – ICRC) မှ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် နှင့်အဖွဲ့ ပြည်ထောင်စုဝန်ကြီးထံ လာရောက်တွေ့ဆုံ
၁၃.၁၂.၂၀၁၇၊ နေပြည်တော် UEHRD ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (International Comittee of the Red Cross – ICRC) မှ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Fabrizzio Carboni ဦးဆောင်သောအဖွဲ့က ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီအဖွဲ့နှင့်တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်ရှိ ဘေးဒဏ်ခံရသူများ အားလုံးသို့ လူသားချင်းစာနာမှုအကူအညီများပေးနိုင်ရေး ဝန်ကြီးဌာန၏ လမ်းညွှန်ပံ့ပိုးပေးမှုများအတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ကူညီထောက်ပံ့မှုများအပေါ် ဒေသခံများမှ ကောင်းမွန်သော အမြင်တုန့်ပြန် ချက်များနှင့် … Read more
-
ဘေးအန္တရာယ်များကို အချိန်မရွေး ရင်ဆိုင်တုန့်ပြန်နိုင်ရေး အရေးပေါ်စီမံချက်ရေးဆွဲရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြော
နေပြည်တော်၊ ၁၂-၁၂-၂၀၁၇ အပူပိုင်းမုန်တိုင်းဖြစ်ပေါ်မှုများအတွက် ကြိုတင်ပြင်ဆင်မှုနှင့်စပ်လျဉ်းသည့် အရေးပေါ်စီမံချက်ရေးဆွဲ ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော် Park Royal ဟိုတယ်၌ ကျင်းပပြုလုပ်ရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကား ပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံသည် မုန်တိုင်းဖြစ်ပေါ်နိုင်ခြေများသည့် နိုင်ငံဖြစ်ပါကြောင်း၊ မိုးကြိုးကာလဖြစ်သည့် ဧပြီလနှင့်မေလ၊ မိုးနှောင်းကာလဖြစ်သည့် အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် ဆိုင်ကလုန်းမုန်တိုင်းကျရောက်လေ့ရှိပါကြောင်း၊ ပြီးခဲ့သည့်နှစ်ပေါင်း(၄၀)ကာလအတွင်း ဖြစ်ပွားခဲ့သည့် မုန်တိုင်းများအနက် ၂၀၀၈ ခုနှစ်က ဖြစ်ပွားခဲ့သည့် နာဂစ်မုန်တိုင်းသည် လူပေါင်း (၁၄၀၀၀၀)ကျော် သေဆုံး … Read more
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းအမှတ်စဉ် (၈/၂၀၁၇)ဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် (၁၂-၁၂-၂၀၁၇) ရက်နေ့မှ (၁၄-၁၂-၂၀၁၇) ရက်နေ့အထိ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းအမှတ်စဉ် (၈/၂၀၁၇) အား စေတနာ့ဝန်ထမ်းလူငယ်သင်တန်းသား/သင်တန်းသူ (၃၀) ဦးနှင့် ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်း (၂၅) ဦး စုစုပေါင်း (၆၅) ဦးဖြင့် ဖွင့်လှစ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
မုန်တိုင်းအန္တရာယ်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁၂-၂၀၁၇) ရက်နေ့တွင် ကျိုက်မရောမြို့နယ်၊ ဦးလေးကျေးရွာ၌ လူထု (၃၀၀) ပါဝင်သော မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်ခြင်းအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်၊ ကောင်းတုံကျေးရွာမှ မိုင်းထိဒဏ်ရာရရှိသူ (၂) ဦးအတွက် တစ်ဦးလျှင် (၅၀,၀၀၀) ကျပ်နှုန်းဖြင့် (၁၀၀,၀၀၀) ကျပ်တို့အား (၁၁-၁၂-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်း ဒေသကြီး၊ ပြည်ခရိုင်၊ကျွန်းမီးကျေးရွာအုပ်စု၊ ရွှေတောင်စုကျေးရွာ၌ (၃၀-၁၁-၂၀၁၇)ရက်နေ့တွင် ကမ်းပြို ကြိုတင်ရွှေ့ပြောင်းနေအိမ် (၁၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၁၀၀,၀၀၀)ကျပ်အားလည်းကာင်း၊ မကျီးထုံးကျေးရွာအုပ်စု၊ ဆိတ္တဲကျေးရွာ၌ (၁၄-၁၁-၂၀၁၇) ရက်နေ့တွင် ကမ်းပြိုကြိုတင်ရွှေ့ပြောင်းနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀)ကျပ်တို့အား (၁၁-၁၂-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်း ဒေသကြီး၊ ပြည်ခရိုင်၊ပန်းတောင်းမြို့နယ်၊ တောင်ဘွေကျေးရွာအုပ်စု၊ တောင်ဘွေကျေးရွာ၌ (၁၈-၁၁-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော နေအိမ် (၂)လုံးအတွက် ကယ်ဆယ်ရေး ကပစ္စည်း (၉) မျိုး၊ Family Kit (၂) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၁၂,၆၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၁၂,၆၀၀) ကျပ်တို့အား (၁၁-၁၂-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ကဆရ) … Read more
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်း ဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ရှားပင်ကုန်းကျေးရွာအုပ်စု၊ ရှားပင်ကုန်းကျေးရွာ၌ (၂၀၁၆-၂၀၁၇) ဘဏ္ဍာနှစ် ပွင့်လင်းရာသီတွင် ကြိုတင်ရွှေ့ပြောင်းခဲ့သည့် ကမ်းပြိုကြိုတင်ပြောင်းရွှေ့နေအိမ် (၃၄) လုံး၊ (၄-၁၂-၂၀၁၇) ရက်နေ့ ကမ်းပြိုကြိုရွှေ့နေအိမ် (၄)လုံး၊ စုစုပေါင်း နေအိမ် (၃၈) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဘိုး (၃,၈၀၀,၀၀၀)နှင့် သောင်ပြင်ကုန်းအုပ်စု၊ ကန့်လန့်ကုန်းကျေးရွာတွင် (၂၄-၁၁-၂၀၁၇) ရက်နေ့ ကမ်းပြိုကြို တင်ပြောင်းရွှေ့နေအိမ် (၁၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဘိုး (၁,၅၀၀,၀၀၀)တို့အား (၁၁-၁၂-၂၀၁၇) ရက် နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၁၂-၂၀၁၇) ရက်နေ့တွင် ဖျာပုံခရိုင်၊ ဒေးဒရဲမြို့ အ.ထ.က (၁) ကျောင်းတွင် သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ အသိပညာပေးဗီဒီယိုပြသခြင်း၊ လက်ကမ်းစာစောင်များ ဝေငှပေးခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ (၆၅၀) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ပြန်လည်ထူထောင်ရေးလုပ်ငန်းများစနစ်တကျဆောင်ရွက်နိုင်ရေးအတွက် ဘက်စုံပြန်လည် ထူထောင် ရေးစင်တာတစ်ခုဖွင့်လှစ်ရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကွင်းဆင်းကြည့်ရှု
ရန်ကုန် (၁၀-၁၂-၂၀၁၇) ယနေ့ ၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ (၁၀)ရက်နေ့၊ မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့်အတူ တာဝန်ရှိသူများလိုက်ပါလျှက် အရှေ့ဒဂုံမြို့နယ်၊ ဒီဇင်ဘာသီရိဂေဟာအိမ်ယာအနီးရှိ မြေနေရာပေါ်တွင် ဘက်စုံပြန်လည်ထူထောင်ရေးစင်တာတစ်ခုတည်ဆောက်ရန် ကွင်းဆင်းကြည့်ရှုပါသည်။ ထိုသို့ကြည့်ရှုရာတွင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်မြင့် က မြေတိုင်းတာခြင်း၊ နယ်နိမိတ်သတ်မှတ်ခြင်း၊ လမ်းဖောက်လုပ်ရေး၊ ခြံစည်းရိုးကာရန်ခြင်း အတွက် ညှိနှိုင်းဆောင်ရွက်ရန် ကိစ္စရပ်များကိုရှင်းလင်းတင်ပြခဲ့ပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် မွေးကင်းစ စွန့်ပစ် ကလေးငယ်များနှင့် မိခင်များ၊ သက်ငယ်မုဒိန်းကျူးလွန်ခံရသူများ၊ … Read more









