ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်း ဒေသကြီး၊ ပြည်ခရိုင်၊ကျွန်းမီးကျေးရွာအုပ်စု၊ ရွှေတောင်စုကျေးရွာ၌ (၃၀-၁၁-၂၀၁၇)ရက်နေ့တွင် ကမ်းပြို ကြိုတင်ရွှေ့ပြောင်းနေအိမ် (၁၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၁၀၀,၀၀၀)ကျပ်အားလည်းကာင်း၊ မကျီးထုံးကျေးရွာအုပ်စု၊ ဆိတ္တဲကျေးရွာ၌ (၁၄-၁၁-၂၀၁၇) ရက်နေ့တွင် ကမ်းပြိုကြိုတင်ရွှေ့ပြောင်းနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀)ကျပ်တို့အား (၁၁-၁၂-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ကဆရ)