ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်း ဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ရှားပင်ကုန်းကျေးရွာအုပ်စု၊ ရှားပင်ကုန်းကျေးရွာ၌ (၂၀၁၆-၂၀၁၇) ဘဏ္ဍာနှစ် ပွင့်လင်းရာသီတွင် ကြိုတင်ရွှေ့ပြောင်းခဲ့သည့် ကမ်းပြိုကြိုတင်ပြောင်းရွှေ့နေအိမ် (၃၄) လုံး၊ (၄-၁၂-၂၀၁၇) ရက်နေ့ ကမ်းပြိုကြိုရွှေ့နေအိမ် (၄)လုံး၊ စုစုပေါင်း နေအိမ် (၃၈) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဘိုး (၃,၈၀၀,၀၀၀)နှင့် သောင်ပြင်ကုန်းအုပ်စု၊ ကန့်လန့်ကုန်းကျေးရွာတွင် (၂၄-၁၁-၂၀၁၇) ရက်နေ့ ကမ်းပြိုကြို တင်ပြောင်းရွှေ့နေအိမ် (၁၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဘိုး (၁,၅၀၀,၀၀၀)တို့အား (၁၁-၁၂-၂၀၁၇) ရက် နေ့တွင်  သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events