Category Archives: News
-
ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၁၂-၂၀၁၇)ရက်နေ့က တောင်ငူခရိုင်၊ တောင်ငူမြို့၊ (၁၈)ရပ်ကွက် စမ်းသီတာလမ်းတွင်ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ထောင် (၁)အိမ်စာအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၂၀၀,၀၀၀)၊ ဆန်ဖိုးတန်ဖိုးငွေကျပ် (၆,၃၀၀) နှင့် ကယ်ဆယ်ရေးပစ္စည်း( ၁) အိမ်ထောင်စာတို့အား (၁၈-၁၂-၂၀၁၇)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
UEHRD ၏ တတိယအကြိမ် စေတနာ့ဝန်ထမ်းလူငယ်အစီအစဉ်အတွက် လုပ်ငန်းခွင်အကြိုသင်တန်းဖွင့်လှစ်ခြင်း
ရခိုင်ပြည်နယ်အတွင်းလူသားချင်းစာနာထောက်ထားမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(UEHRD)ကို ၂၀၁၇ ခုနှစ် အောက်တိုဘာလမှ စတင်ဖွဲ့စည်းဆောင်ရွက်လျက်ရှိရာUEHRD ၏ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် စေတနာ့ဝန်ထမ်းလူငယ်အစီအစဉ်ပထမအကြိမ်ကို(၅-၁၁-၂၀၁၇)နေ့မှ(၂၄-၁၁-၂၀၁၇) နေ့အထိလည်းကောင်း၊ ဒုတိယအကြိမ်ကို (၂၄-၁၁-၂၀၁၇)နေ့မှ (၁၃-၁၂-၂၀၁၇)နေ့အထိလည်းကောင်း ဆောင်ရွက် ခဲ့ပြီး(၁၆-၁၂-၂၀၁၇)ရက်နေ့မှ (၄-၁၂-၂၀၁၇)ရက်နေ့အထိဆောင်ရွက်မည့် တတိယအကြိမ်အစီအစဉ်တွင် ပါဝင်ကြ မည့်လူငယ်များအတွက် လုပ်ငန်းခွင်အကြိုသင်တန်းကိုရန်ကုန်မြို့၊ သံလွင်လမ်းရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးဌာန၌ (၁၇-၁၂-၂၀၁၇)နေ့ နံနက်ပိုင်းတွင်ကျင်းပခဲ့ပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရခိုင်တိုင်းရင်း သားရေးရာဝန်ကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ … Read more
-
အရန်မီးသတ် တပ်ဖွဲ့ဝင်များလေ့ကျင့်ရေးမွမ်းမံ သင်တန်းတွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် ပတ်သက်သည့်ပညာရပ်များ ဟောပြောပို့ချမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီး ဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁၂-၂၀၁၇)ရက်နေ့တွင် ဖျာပုံခရိုင်မီးသတ်ဦးစီးဌာနတွင်ဖွင့်လှစ်ခဲ့သောအရန်မီးသတ် တပ်ဖွဲ့ဝင်များလေ့ကျင့်ရေးမွမ်းမံသင်တန်း၌ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့်ပတ်သက်သည့်ပညာရပ်များကို သင်တန်းသား(၂၅)ဦးအား သင်ကြားပို့ချပေးခဲ့ကြောင်း သိရှိရပါသည်။ ဖျာပုံခရိုင်ဦးစီးမှူးရုုံး(ကဆရ)
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်သံအမတ်ကြီး H.E Ms. Riikka Laatu နှင့် မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့တို့ က သီးခြားစီ လာရောက်တွေ့ဆုံမှုသတင်း
နေပြည်တော်၊ ၁၅-၁၂-၂၀၁၇ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး အားမြန်မာနိုင်ငံဆိုင်ရာဖင်လန်သံအမတ်ကြီး H.E Ms. Riikka Laatu က ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမတွင် လာရောက်တွေ့ဆုံပါသည်။ တွေ့ဆုံရာတွင် ဖင်လန်နိုင်ငံအနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကို မြန်မာနိုင်ငံနှင့် (၂၀၁၂)ခုနှစ်မှ စတင်ခဲ့ပါကြောင်း၊ သစ်တောများထိန်းသိမ်းရေးနှင့်သက်ဆိုင်သော ကူညီမှုများ၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ကူးပြောင်းရေးနှင့် တရားဥပဒေ စိုးမိုးရေးနှင့် သက်ဆိုင်သော ပူးပေါင်းဆောင်ရွက်မှုများနှင့် ပညာရေးကဏ္ဍမြှင့်တင်ရေး စသော လုပ်ငန်းများဆောင်ရွက် နေပါ ကြောင်း ပြောကြားပြီး မသန်စွမ်းသူများအတွက် ဘက်ပေါင်းစုံ ချဉ်းကပ်နည်းလမ်းများဖြင့် အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် … Read more
-
အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် အာရှဒေသ သဘာဝဘေး ကြိုတင် ပြင်ဆင်ရေးဌာန (ADPC)တို့ပူးပေါင်း၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်း ပထဝီဝင်သတင်းအချက်အလက် နည်းပညာကိုအသုံးပြု၍ ရေဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေဆန်းစစ်ခြင်းလုပ်ငန်းခွင် အထောက် အကူပြု သုတေသနလုပ်ငန်းဆောင်ရွက်ခြင်းကို ၄င်းဒေသရှိ ဘေးထိတွေ့နိုင်ခြေအချက်အလက်များ ကောက်ယူ ၍ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါသုတေသနလုပ်ငန်းမှ တွေ့ရှိချက်များနှင့်စပ်လျဉ်း၍ အစိုးရဌာန ဆိုင်ရာများသို့ အသိပေး ရှင်းလင်းဆွေးနွေးသည့် အလုပ်ရုံဆွေးနွေးပွဲကို (၁၅-၁၂-၂၀၁၇)ရက်နေ့ (၁၀:၀၀)နာရီမှ (၁၂:၃၀) နာရီအချိန်ထိ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC) အဆောက်အအုံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၁၂-၂၀၁၇)ရက်နေ့ (၁၀:၀၀)နာရီအချိန်တွင် မော်လမြိုင်မြို့နယ်၊ ရွှေပြည်အေးရပ်ကွက်အတွင်းရှိ ပြည်သူ (၂၀၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးခြင်းနှင့် သဘာဝဘေးလက်ကမ်းစာစောင်များနှင့် နံရံ ကပ်ဗီနိုင်းဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ပဋိပက္ခ အတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုဆိုင်ရာ အထူးကိုယ်စားလှယ်Ms. Pramila Patten နှင့်အဖွဲ့ လာရောက်တွေ့ဆုံ
၁၄.၁၂.၂၀၁၇၊ နေပြည်တော် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်း ဖက်မှုဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Pramila Patten နှင့်အဖွဲ့က ယနေ့နေ့လည်ပိုင်းတွင် အဆိုပါ ဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံပါသည်။ တွေ့ဆုံရာတွင် Ms. Pramila Patten က ယခုအချိန်တွင် မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် ကြုံတွေ့ နေသော စိန်ခေါ်မှုများနှင့် ဖြေရှင်းဆောင်ရွက်နေသော ကြိုးပမ်းအားထုတ်မှုများကို အလေးအနက်ထားသိရှိ၍ အသိအမှတ်ပြုရန် လာရောက်ခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍအား ကျယ်ပြန့်စွာတွေ့မြင်သိရှိပြီး … Read more
-
ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်တုံ့ပြန်နိုင်ရေးလုပ်ငန်းများကို အရှိန်မြှင့်တင်ဆောင်ရွက်ရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပြောကြား
နေပြည်တော် ၁၄-၁၂-၂၀၁၇ ရက်နေ့ ငလျင်ဘေးအန္တရာယ် ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းမြှင့်တင်ရေးစီမံကိန်း မိတ်ဆက်ခြင်းနှင့် အမျိုးသား အဆင့် ငလျင်ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးစီမံချက် ရေးဆွဲရေးဆိုင်ရာ ကနဦးညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းကနေပြည်တော်၊ သင်္ဂဟဟိုတယ်၌ ကျင်းပပြုလုပ်ရာ အမျိုးသားဘဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထာ: ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့နိုင်ငံများတွင် ရာသီဥတုပြောင်းလဲမှု၏ အကျိုးသက်ရောက်မှုကို ခံစား နေရပါကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း ရေကြီးရေလျှံခြင်း၊ နွေရာသီတွင်ရေရှားပါးခြင်းတို့အပြင် ငလျင်လှုပ်ခတ်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊မိုးသီးကြွေကျခြင်း၊ မိုးကြိုးပစ်ခြင်းအစရှိသည့် သဘာဝ ဘေးအမျိုးမျိုးကြုံတွေ့ရပါကြောင်း၊ ရာသီဥတုပြောင်းမှုနှင့် … Read more
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်မြို့နယ်၊ လက်ပံတန်းကျေးရွာ၌ (၈-၁၂-၂၀၁၇) ရက်နေ့တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြို၍ ပြောင်းရွှေ့ခဲ့ရသည့် အိမ်ထောင်စု (၉) စု၊ လူဦးရေ (၃၉) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၉၀၀,၀၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးနှင့် ဆန်ရိက္ခာဖိုးငွေ (၈၁,၉၀၀) ကျပ်တို့အား (၁၃-၁၂-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာဟောပြောမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁၂-၂၀၁၇)ရက်နေ့က ကပ်သပြေကျေးရွာအုပ်စု၊ ကပ်သပြေကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောခြင်း၊ ဘေး(၈)မျိုးနှင့် ပတ်သက်၍ အထွေထွေဗဟုသုတများ ရှောင်ရန်/ဆောင်ရန်များဟောပြောခြင်းနှင့် မိုးကြိုးဘေးနှင့်ပတ်သက်သည့် ဗီနိုင်းကပ်ခြင်းများဆောင်ရွက်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ ရပ်ရွာနေပြည်သူ (၁၁၈) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။









