ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် အာရှဒေသ သဘာဝဘေး ကြိုတင် ပြင်ဆင်ရေးဌာန (ADPC)တို့ပူးပေါင်း၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်း ပထဝီဝင်သတင်းအချက်အလက် နည်းပညာကိုအသုံးပြု၍ ရေဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေဆန်းစစ်ခြင်းလုပ်ငန်းခွင် အထောက် အကူပြု သုတေသနလုပ်ငန်းဆောင်ရွက်ခြင်းကို ၄င်းဒေသရှိ ဘေးထိတွေ့နိုင်ခြေအချက်အလက်များ ကောက်ယူ ၍ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါသုတေသနလုပ်ငန်းမှ တွေ့ရှိချက်များနှင့်စပ်လျဉ်း၍ အစိုးရဌာန ဆိုင်ရာများသို့ အသိပေး ရှင်းလင်းဆွေးနွေးသည့် အလုပ်ရုံဆွေးနွေးပွဲကို (၁၅-၁၂-၂၀၁၇)ရက်နေ့ (၁၀:၀၀)နာရီမှ (၁၂:၃၀) နာရီအချိန်ထိ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC) အဆောက်အအုံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကိုကိုနိုင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်နည်းပညာတက္တသိုလ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနနှင့် ဗဟိုစာရင်းအင်းအဖွဲ့မှ တာ၀န်ခံ အရာထမ်း/အမှုထမ်းများတက်ရောက်ခဲ့ကြပြီး ပူးပေါင်းဆောင်ရွက် နိုင်မည့်နည်းလမ်းများအား ဝိုင်း၀န်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
Source: RRD