Category Archives: News
-
မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁၂-၂၀၁၇)ရက်နေ့က မြောက်ဦးမြို့နယ်၊ နန်းကျားကျေးရွာ၊ ဘုရားသိမ်၌ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကို ကျောင်းသူ/သားများနှင့် ကျေးရွာနေပြည်သူ စုစုပေါင်း (၁၀၆)ဦးတို့အား သဘာဝဘေးနှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကိုဟောပြောခြင်း၊ ဘေး(၈)မျိုးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ နံရံကပ်ပိုစတာများကိုကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ပေးအပ်ခြင်းနှင့် သဘာဝဘေးနှင့်ပတ်သက်သည့် ဗွီဒီယိုမှတ်တမ်းများပြသခြင်းတို့ ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
-
မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁၂-၂၀၁၇)ရက်နေ့က မြောက်ဦးမြို့နယ်၊ တိန်ညိုကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကို ကျောင်းသူ/ကျောင်းသားနှင့် ကျေးရွာနေပြည်သူ စုစုပေါင်း (၁၀၁)ဦးအား သဘာဝဘေး နှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကိုဟောပြောခြင်း၊ ဘေး(၈)မျိုးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ နံရံကပ်ပိုစတာများကိုကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ပေးအပ်ခြင်းနှင့် သဘာဝဘေးနှင့်ပတ်သက်သည့် ဗွီဒီယိုမှတ်တမ်းများပြသခြင်းတို့ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
-
ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၁၂-၂၀၁၇) ရက်နေ့နှင့် (၁၉-၁၂-၂၀၁၇)ရက်နေ့က ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ မြို့ကွင်းကျေးရွာအုပ်စု၊ အလယ်စုကျေးရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးသင့် အိမ်ထောင်စု (၁၁)စု လူဦးရေ(၅၈) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး – (၁၁) အိမ် ထောင်စာ၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၁,၁၀၀,၀၀၀)၊ ဆန်ရိက္ခာတန်ဖိုးငွေကျပ် (၁၂၁,၈၀၀)၊ စုစုပေါင်း ကယ်ဆယ်ရေးထောက်ပံ့ရန်ပုံငွေကျပ် (၁,၂၂၁,၈၀၀) တို့ကို (၂၁-၁၂-၂၀၁၇)ရက် နေ့တွင်သွားရောက် ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၁၂-၂၀၁၇)ရက်နေ့က ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ခွေးတောက်ချောင်းကျေးရွာအုပ်စု၊ ခွေးတောက်ချောင်းကျေးရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးသင့် အိမ်ထောင်စု (၁)စု၊ လူဦးရေ (၅) ဦး နှင့် ကံဘတ်ကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာတွင် (၈.၁၂.၂၀၁၇)၌ ဖြစ်ပွားခဲ့သောကမ်းပြိုဘေးသင့် အိမ်ထောင်စု (၁)စု၊ လူဦးရေ(၅) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး (၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၂၀၀,၀၀၀)၊ ဆန်ရိက္ခာတန်ဖိုးငွေကျပ် (၂၁,၀၀၀)၊ စုစုပေါင်း ကယ်ဆယ်ရေးထောက်ပံ့ ရန်ပုံငွေကျပ် (၂၂၁,၀၀၀)တို့ကို (၂၁-၁၂-၂၀၁၇)ရက် နေ့တွင် သွားရောက် ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ပြန်လည်လက်ခံရေးစခန်းများ ဆောင်ရွက်ပြီးစီး မှုနှင့်ကျေးရွာများ စနစ်တကျ တည်ဆောက်နေမှုတို့ကို ပြည်ထောင်စု ဝန်ကြီးများနှင့်အဖွဲ့ကြည့်ရှုစစ်ဆေးမှုသတင်း
၂၁.၁၂.၂၀၁၇၊ စစ်တွေ ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့သည် မြိုတိုင်းရင်းသားများနေထိုင်ရန် ပြန်လည်နေရာချထားပေးမည့် သစ်တုံးနားဂွဆုံ ကျေးရွာနှင့် ဟိန္ဒူဘာသာဝင်များကို ပြန်လည်နေရာချ ထားမည့် အိုးထိန်းကျေးရွာတို့တွင် အဆောက်အဦ များ ဆောက်လုပ်ပြီးစီးမှုခြေအနေနှင့် ဒေသခံမြို တိုင်းရင်းသားများ၏ လိုအပ်ချက်များ ကိုတွေ့ဆုံမေးမြန်းကာ နေအိမ်များကို အရည်အသွေးပြည့်မီစွာဖြင့် အမြန်ဆုံး ဆောက်လုပ် ပေးနိုင်ရေးတို့ကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။ တစ်ဖက်နိုင်ငံသို့ တိမ်းရှောင်သွားသူများ ရေလမ်းခရီးမှ ပြန်လည်ဝင်ရောက်လာပါက လက်ခံ နိုင်ရေးအတွက် စခန်းတည်ဆောက်မည့် ငါးခူရကျေးရွာတွင် လူနေအဆောက်အဦများ တည်ဆောက်နေမှု၊ ဌာနဆိုင်ရာဝန်ထမ်းများ နေထိုင်ရန် အတွက် အဆာက်အဦများ … Read more
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲအား ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁၂-၀၁၇)ရက်နေ့ (၁၁:၀၀)နာရီချိန်တွင် ပေါင်မြို့နယ်၊ အလှပ်ကျေးရွာတွင် ပြည်သူ (၁၅၀)ဦးနှင့် (၁၃း၀၀)နာရီချိန်တွင် ပေါင်မြို့နယ်၊ ဝဲပတန်ကျေးရွာတွင် ပြည်သူ (၁၅၀)ဦးတို့အား သဘာဝဘေး အန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပါသည်။ ထို့ပြင် မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေး၊ မိုကြိုးဘေး စသည့်အသိပညာပေးလက်ကမ်းစာစောင်များနှင့် ပိုစတာများအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်မြို့နယ်၊ လက်ပံတန်းကျေးရွာ၌ (၁၄-၁၂-၂၀၁၇) ရက်နေ့ နှင့် (၁၉-၁၂-၂၀၁၇)တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျ၍ ပြောင်းရွှေ့ခဲ့ရသည့် အိမ်ထောင်စု (၈) စု၊ လူဦးရေ (၃၆) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၈၀၀,၀၀၀)၊ ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးနှင့် ဆန်ရိက္ခာတန်ဖိုးငွေကျပ် (၇၅,၆၀၀) တို့အား (၂၁-၁၂-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁၂-၂၀၁၇)ရက်နေ့ ကျောက်ဖြူခရိုင်၊ စနဲမြို့၊ တောင်ငူစုရပ်ကွက် ဘုန်းတော်ကြီးကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောပွဲတွင် ဘေးမဖြစ်မီကြိုတင်ပြင်ဆင်ရေး၊ ဘေးဖြစ်စဉ်တုံ့ပြန်ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပြီးပြန်လည်ထူထောင်ရေးကိစ္စများအား အပြန်အလှန်ဆွေးနွေးခြင်း၊ သဘာဝဘေးများနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များ ဆွေးနွေးပို့ချခြင်းများ ပြုလုပ်ခဲ့ရာ အဆိုပါ ဟောပြောပွဲသို့ ရပ်ရွာနေပြည်သူများ(၆၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲအား ကျင်းပမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီးဦးစီမှူးရုံးမှ တာဝန်ရှိ သူများသည် (၂၁-၁၂-၂၀၁၇)ရက်နေ့တွင် ကျောင်းကုန်းမြို့နယ် လှည်းဆိပ်ကျေးရွာအုပ်စု အပင်နှစ်ဆယ်ကျေးရွာတွင် သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲအား ကျင်းပခဲ့ရာ ကျေးရွာသူ၊ ကျေးရွာသား (၁၀၀)ဦးခန့်တက်ရောက်ခဲ့ပြီး အဆိုပါ ဟောပြောပွဲတွင် ငလျင်ဘေး၊ မိုးကြိုးဘေး၊ လေဘေး၊ မြေပြိုဘေး၊ မီးဘေး အစရှိသည့်ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် အကြောင်းအရာများအား ဘေးမဖြစ်ပွားမီ ဖြစ်ပွားနေစဉ် ဖြစ်ပွားပြီးနောက် ဆောင်ရန်/ရှောင်ရန် လိုက်နာဆောင်ရွက်ရမည့် အချက်များ ဆွေးနွေးပေးခဲ့ကြောင်း သတင်းရရှိရပါသည်။ Source:ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း လူငယ် (ဆင့်ပွား)သင်တန်းဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အရာတော်မြို့နယ် အထွေထွေအုပ်ချုပ်ဦးစီးဌာနခန်းမတွင် (၂၀-၁၂-၂၀၁၇)ရက်နေ့က သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ် လူငယ်(ဆင့်ပွား) သင်တန်းအမှတ်စဉ် (၁ /၂၀၁၇)ကို ဖွင့်လှစ်ခဲ့ကြောင်းသတင်းရရှိပါသည်။









