ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၁၂-၂၀၁၇)ရက်နေ့က ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ခွေးတောက်ချောင်းကျေးရွာအုပ်စု၊ ခွေးတောက်ချောင်းကျေးရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးသင့် အိမ်ထောင်စု (၁)စု၊ လူဦးရေ (၅) ဦး နှင့် ကံဘတ်ကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာတွင်  (၈.၁၂.၂၀၁၇)၌ ဖြစ်ပွားခဲ့သောကမ်းပြိုဘေးသင့် အိမ်ထောင်စု (၁)စု၊ လူဦးရေ(၅) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး (၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၂၀၀,၀၀၀)၊ ဆန်ရိက္ခာတန်ဖိုးငွေကျပ် (၂၁,၀၀၀)၊ စုစုပေါင်း   ကယ်ဆယ်ရေးထောက်ပံ့  ရန်ပုံငွေကျပ် (၂၂၁,၀၀၀)တို့ကို (၂၁-၁၂-၂၀၁၇)ရက် နေ့တွင် သွားရောက် ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events