Category Archives: News
-
ပေါင်မြို့နယ်၊ ပန်းကုန်းကျေးရွာအုပ်စု၊ သိမ်ကုန်းကျေးရွာ၌ မီးဘေးသင့်အိမ်ထောင်စုတစ်စုအတွက် ထောက်ပံ့မှုသတင်း
================================================= Source: သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါင်မြို့နယ်၊ ပန်းကုန်းကျေးရွာအုပ်စု၊ သိမ်ကုန်းကျေးရွာ၌ (၂၈-၁၂-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးသင့် အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ Family kit (၁) ထုပ်၊ ရေပုံး အဖုံးပါ (၂) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀) ကျပ်နှင့် လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးငွေ (၁၀၅၀၀) … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၂-၂၀၁၇) ရက်နေ့တွင် မြဝတီမြို့၊ ဝှေ့ရှမ်းကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာဖြန့်ဝေ ပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူ (၃၀၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: မြဝတီခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
တိုက်ပွဲရှောင်အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၁၂-၂၀၁၇) ရက်နေ့ (၁၇:၀၀) နာရီအချိန်တွင် ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ မန်ခေါက်ကျေးရွာ အုပ်စု၊ အာပြောင်ကျေးရွာအနီးတစ်ဝိုက်တွင် တပ်မတော်စစ်ကြောင်းနှင့် လက်နက်အဖွဲ့တို့ ထိတွေ့မှုဖြစ်ပွားခဲ့ သောကြောင့် အမှတ် (၈) ရပ်ကွက်၊ သန္တိသုခဓမ္မာရုံသို့ ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၁၁) စုမှ ကျား (၂၄) ဦး၊ မ (၂၆) ဦး စုစုပေါင်း (၅၀) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁၁) အိမ်ထောင်စာအား … Read more
-
သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၁၂-၂၀၁၇) ရက်နေ့တွင် ဘားအံမြို့နယ်၊ နောင်ကျန်ကျေးရွာအုပ်စု၊ ကော့မူးသီးကျေးရွာ ဓမ္မာရုံ၌ ကျေးရွာနေပြည်သူလူထု (၁၅၀) ဦးအား သဘာဝဘေးအန္တရာယ်လျော့ပါးရေး ဆိုင်ရာအသိပညာပေး ဟော ပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေး၊ ငလျင်ဘေးဆိုင်ရာ ဆောင်ရန်/ ရှောင်ရန် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ဗီနိုင်းပိုစတာများပေးအပ်ခြင်း၊ ဗလာစာအုပ်များနှင့် ဘောပင်များ ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
ရေကြည်မြို့နယ် ညောင်မော်ကျေးရွာအုပ်စု သောင်တန်းကျေးရွာ၌ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
====================================================Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) ==================================================== ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ဧရာဝတီတိုင်းဒေသြ ကီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၁၂-၂၀၁၇) ရက်နေ့တွင် ရေကြည်မြို့နယ် ညောင်မော်ကျေးရွာအုပ်စု သောင်တန်းကျေးရွာ၌ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲအား ပြည်သူလူထု ၁၂၀ ခန့်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ တာဝန်ရှိသူများက ဟောပြောပွဲ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဘေးဖြစ်ပွားလျှင် ဆောင်ရန် ရှောင်ရန်များ ဟောပြောခြင်းနှင့် ကျေးရွာအဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ ဖွဲ့စည်းပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင် ခရိုင်၊ ညောင်းတုန်းမြို့နယ်၊ ချောင်းကြီးကျေးရွာအုပ်စု၊ ချောင်းကြီးကျေးရွာ၌ (၂၇-၁၂-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၆,၃၀၀) ကျပ် စုုစုပေါင်း ထောက်ပံ့ငွေ (၁၀၆,၃၀၀) ကျပ်တို့အား (၂၈-၁၂-၂၀၁၇) ရက်နေ့တွင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်အတူ … Read more
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ မြို့ကွင်းအုပ်စု၊ အလယ်စုကျေးရွာ၌ (၂၂-၁၂-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ထောင်စု (၁) စု၊ လူဦးရေ (၄) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၈,၄၀၀) ကျပ်တို့အား (၂၆-၁၂-၂၀၁၇) ရက်နေ့တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
မုန်တိုင်းသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း ကျင်ပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည (၂၇-၁၂-၂၀၁၇)ရက်နေ့တွင် ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းအုပ်စု၊ ကုန်ဘွေကျေးရွာ၌ မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကိုပြုလုပ်ခဲ့ရာ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ ကြက်ခြေနီ အဖွဲ့ ဝင်များနှင့် ကုန်ဘွေကျေးရွာမှ ရွာသူရွာသားများ စုစုပေါင်း (၁၀၆) ဦးခန့်ပါဝင်ခဲ့ကြပါသည်။ ထို့နောက် ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များအား တာဝန်ရှိသူများမှ ရှင်းလင်းပြောကြားခဲ့ပြီး ထမင်းကျွေးမွေးခြင်း၊ ရေသန့်ဗူးဝေငှခြင်း၊ အချိုရေဗူးများ၊ ပေါင်မုန့်များ၊ ခေါက်ဆွဲခြောက်များနှင့် သဘာဝဘေးနှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန် အသိပညာပေးလက်ကမ်းစာစောင်များဝေငှပေးခဲ့ပါသည်။ မုန်တိုင်းဒဏ်သင့်ခံရလေ့ရှိသောဒေသ များတွင် ဘေးန္တရာယ်ကျရောက်လာပါက ကြံ့ကြံ့ခံရင်ဆိုင်တုံ့ပြန်နိုင်ရန် အသင့်ဖြစ်မည်ဖြစ်ပြီး ပြည်သူများ၏ အသက်စည်းစိမ်အိုးအိမ်များ ထိခိုက်မှုသက်သာစေမည်ဖြစ်ပါသဖြင့် ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်းများ ပြုလုပ်ခဲ့ကြောင်း … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၁၂-၂၀၁၇) ရက်နေ့တွင် တပ်ကုန်းမြို့နယ်၊ ရေအေးကျေးရွာအုပ်စု၊ ရေအေး ကျေးရွာနှင့် ရှားတောကျေးရွာအုပ်စု၊ ရှားတောကျေးရွာတို့တွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၁၂-၂၀၁၇) ရက်နေ့၊ နေ့လည် (၁၄:၀၀) နာရီမှ (၁၅:၃၀) နာရီအချိန်ထိ မိုးညှင်းမြို့နယ်၊ အင်းကုန်းကျေးရွာ အ.လ.က (အင်းကုန်း) ကျောင်းတွင် ဆရာ/ဆရာမများ၊ ကြက်ခြေနီနှင့် ကျောင်းသား/သူ စုစုပေါင်း (၈၀) ဦးတို့အား သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)









