သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၁၂-၂၀၁၇) ရက်နေ့တွင် ဘားအံမြို့နယ်၊ နောင်ကျန်ကျေးရွာအုပ်စု၊ ကော့မူးသီးကျေးရွာ ဓမ္မာရုံ၌ ကျေးရွာနေပြည်သူလူထု (၁၅၀) ဦးအား သဘာဝဘေးအန္တရာယ်လျော့ပါးရေး ဆိုင်ရာအသိပညာပေး ဟော ပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေး၊ ငလျင်ဘေးဆိုင်ရာ ဆောင်ရန်/ ရှောင်ရန် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ဗီနိုင်းပိုစတာများပေးအပ်ခြင်း၊ ဗလာစာအုပ်များနှင့် ဘောပင်များ ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events